ရထားလမ်း နှင့် ရထားဘူတာများ မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးခံရမှု အကြိမ်ရေ (၂ဝဝ)နီးပါးအထိရှိလာ
ကျော် (NSS) - ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံတစ်ဝှမ်း၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယနေ့အ ထိ ရထားလမ်းများ၊ ရထားဘူတာများအား မိုင်းထောင်၊ မိုင်းခွဲ ဖျက်ဆီးမှု ၁၂၉ ကြိမ်အထိရှိလာပြီဖြစ်ကြောင်း နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အလားတူ ရထားလမ်းများရှိ တံတားများကို မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးမှု ၄၆ ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(ဒီဇင်ဘာလ ၁၃ ရက်)တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ မီဒီယာများအားရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ရထားလမ်းဆိုတာက တိုင်းပြည်ရဲ့ကုန်စည်ပို့ဆောင်ရေး၊ တိုင်းပြည်ရဲ့အခြေခံလူတန်းစားတွေ အများဆုံးအသုံးပြုကြတဲ့ ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
KNLA ၊ KNU ၊ PDF အကြမ်းဖက်အဖွဲ့သည့် ယမန်နေ့ (ဒီဇင်ဘာ လ ၁၃ ရက်)၊ နံနက် ၃ နာရီခွဲခန့်ကလည်း ကျောက်တံခါးဘူတာမှ ထွက်ခွါလာသည့် ရန်ကုန် - မန္တလေး အမှတ်(၆)အစုန် လူစီးအမြန်ရထားကို မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရသိရသည်။
ထို့ကြောင့် ရထားစက်ခေါင်း၊ လူစီးတွဲသုံးတွဲ လမ်းချော်ခဲ့ပြီး လိုက်ပါစီးနင်းလာသည့် ခရီးသည် ၉၀၀ ဦးခန့် လမ်းခရီးကြန့် ကြာမှုများဖြစ်ပေါ်ခဲ့ပြီး မြန်မာ့မီးရထားမှ ပြန်လည်ပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။
"ဒီလိုလုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့လူမှုစီးပွားဘဝ၊ နိုင်ငံတော်ရဲ့အခြေခံအဆောက်အဦးတွေကို အခြေခံကျကျဖျက်ဆီးပစ်နေတာပဲဖြစ်ပါတယ်"ဟု ၎င်းက ထပ်မံပြောသည်။
ထို့ပြင် ကျန်းမာရေးနှင်ပတ်သက်သည့် ဆေးရုံ၊ဆေးခန်းပေါင်း ၅၅ ခု၊ ပညာရေးနှင့်ပတ်သက်သည့် အဆောက်အအုံ ၇၇၃ လုံးမိုင်းထောင်ဖောက်ခွဲမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း နစက၏ အချက်အလက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွန်မြူနစ်တရုတ်အား တိုက်ခိုက်ခဲ့သည့် ထိုင်ဝမ်နောက်ဆုံးမျိုးဆက်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ