Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကွန်မြူနစ်တရုတ်အား တိုက်ခိုက်ခဲ့သည့် ထိုင်ဝမ်နောက်ဆုံးမျိုးဆက်

Htay Oung (NSS) - ဒီဇင်ဘာ ၁၄ 

တရုတ်ပြည်တွင်းစစ်ရဲ့ နောက်ဆုံးနှစ်များအတွင်း မော်စီတုံးရဲ့ကွန်မြူနစ်များကို တွန်းလှန်တိုက်ခိုက်ရင်း အရှုံးကြီး ရှုံးနိမ့်ခဲ့သူ ဆွန်ကူရှီဟာ ၁၉၄၉ ခုနှစ် ထိုင်၀မ်ရေလက်ကြားကို ၈ ရက်ကြာ အသက်လုဖြတ်သန်းခဲ့စဉ် ပရမ်းပတာ အဖြစ်အပျက်များကို ယခုတိုင် ပြတ်ပြတ်ထင်ထင် အမှတ်ရနေတယ်လို့ Reuters က ဒီနေ့ ဒီဇင်ဘာလ ၁၄ ရက်က ရေးသားခဲ့ပါတယ်။ 

“ဆိုက်ကပ်စရာ ဆိပ်ကမ်းရယ်လို့ ရှိတာ မဟုတ်ဘူး၊ လှေထဲဝင်လာတဲ့ရေတွေကို လူတိုင်းက မနားတမ်း ခပ်ထုတ်နေရတယ်” လို့ ထိုင်ဝမ်မြောက်ပိုင်း ထော့ယွမ်မြို့ အစိုးရစစ်မှုထမ်းဟောင်းများ စောင့်ရှောက်ရေးစင်တာ မှာ အသက် ၁၁ဝ နှစ်ရှိပြီဖြစ်တဲ့ ဆွန်က ပြောပါတယ်။ 


“အခုခေတ်လူငယ်တွေနဲ့ စကားစမြည်ပြောရတဲ့အခါ အဲဒီလိုအချိန်ကာလမျိုးဆိုတာ မတွေးတတ်ကြဘူး။ ဂရုလဲ မစိုက်ဘူး၊ အဲဒါတွေက ပြီးခဲ့တဲ့အကြောင်းအရာတွေပဲလို့ နားမထောင်ချင်တဲ့သူ မရှိဘူး” လို့ ကွန်မြူနစ်တရုတ်တို့နဲ့ တိုက်ခိုက်ခဲ့ဖူးများအနက် နောက်ဆုံးကျန်ရှိနေတဲ့ ထိုင်ဝမ်မျိုးဆက်ကြီးက ဆိုပါတယ်။

လွန်ခဲ့သောဆယ်စုနှစ် ၇ ခုကျော်က အရေးနိမ့်ခဲ့တဲ့ တရုတ်သမ္မတနိုင်ငံ (ကူမင်တန်) အစိုးရဟာ ထိုင်ဝမ်ကို တိမ်းရှောင်နိုင်ခဲ့ပါတယ်။ ယနေ့တိုင် ဆက်လက်တည်ရှိနေပေမယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လို့ခေါ်တဲ့ ပြည်မကြီးအစိုးရနဲ့ စစ်ပွဲအဆုံးသတ်ကြောင်း ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ အစိုးရအသီးသီးတို့ကလည်း တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ်မပြုခဲ့ကြပါဘူး။

လွန်ခဲ့တဲ့ လေးနှစ်တာကာလအတွင်း တရုတ်နိုင်ငံဟာ သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့  ကျွန်းမြေ အပေါ် စစ်ရေးအရ ဖိအားပေးမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။ အင်အားအလုံးအရင်းနဲ့ စစ်ရေးလေ့ကျင့်မှု ကို နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့အတွက် အမေရိကန်အနေနဲ့ စစ်မက်ဖြစ်ပွားလာမှာကို စိုးရိမ်နေရပါတယ်။


အဲဒီတင်းမာမှုတွေဟာ ထိုင်ဝမ်ရဲ့ဇန်နဝါရီ ၁၃ ရက်မှာ ကျင်းပမယ့်  သမ္မတနဲ့ ပါလီမန်ရွေးကောက်ပွဲများရဲ့ မဲဆွယ် စည်းရုံးရေးများအပေါ်မှာ အရိပ်ထိုးနေပါတယ်။ ၁၉၄၉ ခုနှစ် တရုတ်နိုင်ငံမှ ထွက်ပြေးခဲ့ပြီး  လက်ရှိအစိုးရရဲ့အဓိက အတိုက်အခံဖြစ်နေတဲ့ ကူမင်တန်ပါတီ (KMT) က ပေကျင်းရဲ့လေသံအတိုင်း စစ်ပွဲနဲ့ ငြိမ်းချမ်းရေး ကြိုက်ရာရွေး”  ဆောင်ပုဒ်ကို ရွေးကောက်ပွဲကို မူဝါဒအဖြစ် ကိုင်စွဲထားပါတယ်။

ထိုင်ဝမ်ရဲ့ သီးခြားဝိသေသလက္ခဏာကို အသားပေးရာမှာ အထူးထင်ရှားသူ လက်ရှိအာဏာရ (ဆိုင်အင့်၀မ်ရဲ့) ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကတော့ ထိုင်ဝမ်လူမျိုးများကသာ ထိုင်၀မ်ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင် တယ်လို့ ခံယူထားပြီး ဘယ်သူမျှ စစ်ပွဲကိုမလိုလားဘူးလို့ အကြောက်တရားနဲ့ဘောင်ခတ်ခြင်းကို ဒေါသတကြီး ပယ်ချထားပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့အတူ တရုတ်ပြည်တွင်းစစ်အပြီး ၁ဝ နှစ်ကျော်အကြာ ၁၉၅၈ ခုနှစ်မှာ ဒုတိယထိုင်ဝမ် ရေလက်ကြားပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ပြည်မကြီး (ခေါ်) တရုတ်ပြည်သူ့သမ္မတနိုင်ငံ PRC မှ တပ်တွေဟာ အဲဒီအချိန် တရုတ်သမ္မတနိုင်ငံ ROC ထိုင်၀မ်တို့က ထိန်းချုပ်ထားတဲ့ ကင်မင်းကျွန်းပေါ်ကို အမြောက်ကြီးများနဲ့ ပစ်ခတ်ပြီး သိန်းနဲ့ချီတဲ့တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်က စစ်သားတွေဟာ ကုန်းရေနှစ်သွယ်မှ ကမ်းတက်ဖို့ အသင့်ပြင်ခဲ့ကြဖူးပါတယ်။ အမေရိကန်ရဲ့အကူအညီနဲ့ ထိုင်ဝမ်အမျိုးသားတပ်က ခုခံတိုက်ခိုက်ရာမှာ “ဒေါင်းဒင်ကျွန်း” တစ်ဝှိုက် ရေကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။


၁၉၅၄-၅၅-ခုနှစ် ပထမထိုင်၀မ်ရေလက်ကြားပဋိပက္ခနဲ့ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တဲ့ အဲဒီစစ်ရေးထိပ်တိုက် တွေ့မှုဟာ ကမ္ဘာ့အရှေ့အနောက် စစ်အေးတိုက်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုနိုင်ပါတယ်။ ဝါရှင်တန်က ပေကျင်းကို နျူကလီယာဗုံး ကြဲရမတတ်ဖြစ်ခဲ့ရတဲ့ စစ်ပွဲမှာ နှစ်ဘက်စလုံးမှ စစ်သား ၅ဝဝ ခန့်စီ အသီးသီး ကျဆုံးခဲ့ရပါတယ်။ ကြောက်မက်ဖွယ် အဲဒီဖြစ်ရပ်ကို ထိုင်၀မ်စစ်ပြန်အချို့က ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ 

အသက် ၉၃ နှစ်အရွယ် ရင်တေချွန်ဟာ ၁၉၅ဝ-၅၃ ကိုရီးယားစစ်ပွဲဖြစ်ပွားစဉ် တရုတ်နိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။ ကိုရီးယားစစ်မြေပြင်မှာ (အမေရိကန်ဦးဆောင်) ကုလသမဂ္ဂတပ်များရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ကိုရီးယားစစ်ပွဲပြီးသွားတဲ့အခါ သူ့ရဲ့ဆန္ဒအလျောက် ထိုင်ဝမ်ကို ရောက်ရှိလာပြီး ကျွန်းနိုင်ငံသား ဖြစ်သွားခဲ့ပါတယ်။ သူဟာ အခြားစစ်ပြန်များနည်းတူ တရုတ်ကွန်မြူနစ်များကို ရည်ညွှန်းပြီး "ဓားပြအမာခံနယ်မြေကို ဖြိုခွင်းရေး" လို့ အဓိပ္ပါယ်ရတဲ့စာလုံးများကို သူ့ကိုယ်ပေါ်မှာ တက်တူးထိုးထားပါတယ်။ တရုတ်ဒုတိယသမ္မတနဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ်အကြီးအကဲ “ဇူဒီကို အပြတ်ရှင်း” လို့လည်း ရေးထားပါတယ်။ 

ရင်တေချွန်ဟာ ဒုတိယထိုင်၀မ်ရေလက်ကြားပဋိပက္ခမှာ ပြည်မကြီး ရှားမင်းမြို့ (ယခင် အမွိုင်) ကမ်းလွန် ကင်မင်းကျွန်းအရေးအခင်းမှာ ထိုင်၀မ်စစ်သားတစ်ဦးအဖြစ် ပါ၀င်တိုက်ခိုက်ခဲ့ပါတယ်။ “တိုက်ပွဲတွေ ထပ် ဖြစ်ဦး မလား မသိဘူး..” ရင်တေချွန်က ဆိုပါတယ်။ "ဒါဟာ DPP ပါတီအပေါ်မှာ မူတည်တယ်။ သူတို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် တကယ်ဖြစ်လာမှာပဲ" လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ  ခွဲထွက်ရေးသမားတွေလို့ သူတို့သတ်မှတ်ထားတဲ့ DPP ပါတီကို မနှစ်သက်ပဲ ဆွေးနွေးဖို့အတွက် ကမ်းလှမ်းမှုများကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။ လက်ရှိ ဒုတိယသမ္မတဖြစ်သူ လိုင်ချင်တေဟာ DPP ပါတီရဲ့ သမ္မတလောင်းဖြစ်ပြီး  ရွေးကောက်ပွဲမှာ ဦးဆောင်နေပါတယ်။

ကူမင်တန်အစိုးရစစ်သားဟောင်း ဆွန်ကူရှီနဲ့ သူတို့ရဲ့တရုတ်လူမျိုး ဝိသေသလက္ခဏာကို နီးကပ်စွာ ဖက်တွယ်ထား တဲ့ အခြားစစ်ပြန်တွေဟာ ပင်မရေစီးထိုင်၀မ်လူ့အဖွဲ့အစည်းကို ကိုယ်စားပြုခြင်းမရှိပါဘူး။ လက်ရှိ ကျွန်းနိုင်ငံ အတွင်း နေထိုင်သူတွေဟာ သူတို့ဟာ ထိုင်ဝမ်လူမျိုးဖြစ်ပြီး တရုတ်မဟုတ်ဖူးလို့ တခဲနက်ခံယူထားကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။

“မျိုးဆက် အရွေ့ဆိုတာ သေချာပေါက်ရှိပါတယ်၊ ရှေးကျတဲ့မျိုးဆက်တွေက တရုတ်လူမျိုးတစ်မျိုးတည်း ဖြစ်နိုင်ချေ နည်းနည်းပိုများပြီး မျိုးဆက်သစ်လူငယ်တွေမှာတော့ အများကြီးနည်းပါတယ်” လို့ သြစတြေးလျ နေရှင်နယ်တက္ကသိုလ် ထိုင်ဝမ်အရေးလေ့လာသူ နိုင်ငံရေးသိပ္ပံပညာရှင် ဆောင်ဝမ်တေက မှတ်ချက်ပေးပါတယ်။  

“လူငယ်တွေမှာ တရုတ်အမျိုးသားရေးလက္ခဏာနဲ့ ဆန့်ကျင်ပြီး သီးခြား၊ ကွဲပြားလုနီးပါးရှိတဲ့ ထိုင်ဝမ်အမျိုး သားရေးလက္ခဏာတွေ ရှိတတ်ပါတယ်၊” “အဲဒါကြောင့် တရုတ်လူမျိုးတစ်မျိုးတည်း အယူအဆအပေါ်  ထောက်ခံ တဲ့လမ်းကြောင်းက နိမ့်ကျသွားတဲ့ သဘောပဲ” လို့ ဆိုပါတယ်။

ထိုင်ဝမ်စစ်မှုထမ်းဟောင်းဌာနက တရုတ်နဲ့ စစ်တိုက်ခဲ့တဲ့ စစ်သားအရေအတွက်ကို အတိအကျ မဖော်ပြထားပါဘူး။ ပြီးခဲ့တဲ့နှစ်စာရင်းအရ အသက် ၈၅ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အမျိုးသား ၅၆,ဝဝဝ ခန့်ကို စာရင်းပြုစုထားပါတယ်။

ကျွန်းမြောက်ပိုင်း ထောက်ယွမ်မြို့ စစ်မှုထမ်းဟောင်းကြီးရဲ့ နားခိုရာနေရာ၀င်ပေါက်ဟာ တိုက်လေယာဉ်ဟောင်း တစ်စီး၊ ဆေးသား လွင့်ပြယ်နေတဲ့ တင့်ကားတစ်စီးအပါအ၀င် အတိတ်ကာလ ပဋိပက္ခများရဲ့အမှတ်တရတို့နဲ့ ဝန်းရံ ထားပါတယ်။ အာဏာရှင်တစ်ဦးအဖြစ် ထိုင်၀မ်အများအပြားက ဝေဖန်ကြပေမယ့်  မော်ကွန်မြူနစ်များကို တိုက်ခိုက်သူအဖြစ် အခြားသူများက လေးစားခြင်းခံရတဲ့ သမ္မတဟောင်း ချန်ကေရှိတ်ရဲ့ ရုပ်တုကြီးဟာ စစ်မှုထမ်း ဟောင်းများ လေ့ကျင့်ခန်း (သို့မဟုတ်) ဘီးတပ်ကုလားထိုင်ဖြင့် တွန်းသွားခံနေရတဲ့ ဝင်းကြီးထဲမှာ မတ်တပ်ရပ်နေ ပါတယ်။

ကိုရီးယားစစ်ပွဲမှာ စစ်သုံ့ပန်းတစ်ဦးအဖြစ် ဖမ်းဆီးခံရပြီး ထိုင်ဝမ်ကို ရောက်ရှိလာသူ ၀မ်ချင်းချွမ်ဟာ ဒုတိယ ထိုင်၀မ်ရေလက်ကြား ပဋိပက္ခ ကင်မင်းတိုက်ပွဲမှာ ကျွန်းနိုင်ငံဘက်က စစ်သားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ယခု အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ၀မ်ချင်းချွမ်ဟာ ကိုရီးယားစစ်ပွဲမှာ တရုတ်ဘက်က ၀င်ရောက်တိုက်ခိုက်ပေးခဲ့စဉ် ၁၃ နှစ် သားအရွယ်သာ ရှိပါသေးတယ်။

“ဒီမှာ တပ်ထဲ စရောက်တော့ အုပ်စုဖွဲ့ ဖိနှိပ်ခံရတယ်။ ပြည်တွင်းစစ်သာဖြစ်ခဲ့ရင် သူတို့တွေ ကလေး အဖေတောင် ဖြစ်ခွင့်ရမှာ မဟုတ်ဖူး၊ "ဒီနေ့အထိ ရုပ်မြင်သံကြားကနေ စစ်ပွဲတွေလာရင်ကို မကြည့်ချင်ဘူး။ စစ်ပွဲက ရက်စက် ကြမ်းကြုတ်တယ်" လို့ ကွန်မြူနစ်စစ်သားဟောင်းတစ်ဖြစ်လဲ ထိုင်ဝမ်စစ်ပြန်ကြီးက မှတ်ချက်ပေးပါတယ်။

#မော်စီတုံးတရုတ်ကွန်မြူနစ် #ထိုင်၀မ်အထွေထွေရွေးကောက်ပွဲ #ထော့ယွမ်မြို့ #ကူမင်တန်ပါတီ #တရုတ်သမ္မတနိုင်ငံ(ထိုင်၀မ်) တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ပြည်မကြီး) #ဒီမိုကရက်တစ် တိုးတက်ရေးပါတီ #ဒုတိယထိုင်၀မ်ရေလက်ကြားပဋိပက္ခ 

(Reuters., 14 Deecember, “Taiwan's last generation to fight China” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved