ဂါဇာဒေသစစ်ပွဲအတွင်း အစ္စရေးစစ်သား အနည်းဆုံး ၁၁၆ ဦး ကျဆုံးခဲ့ဟု အစ္စရေးစစ်ဘက် သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၄
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲ နှစ်လကျော်လာချိန်မှာ အစ္စရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၁၆ ဦး ကျဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးစစ်တပ်ရဲ့မြေပြင်တပ်ရင်းတွေဖြစ်တဲ့ Golani Brigade, Air Force’s Unit 669 အဖွဲ့ဝင်တွေဟာ Shejaiya မြို့နားကို ချဉ်းကပ်ရှာဖွေမှုတွေ လုပ်ဆောင်ချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။
အဲဒီလိုမျိုးတိုက်ခိုက်ခံရမှုကြောင့် အစ္စရေးတပ်ဖွဲ့ဝင်အနည်းဆုံး ၉ ဦး သေဆုံးသွားခဲ့ပြီး ဂါဇာဒေသစစ်ပွဲကာလ အတွင်း တိုက်ပွဲတစ်ခုတည်းမှာ အစ္စရေးဘက်က ကျဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နွဲချိန်အတွင်း ဟားမက်စ်အုပ်စုရဲ့မြေအောက်ဥမင်လိုဏ်ခေါင်းရှာဖွေဖျက်ဆီးဖို့ ကြိုးပမ်းနေရာစွန့်ပစ်ထားတဲ့ အဆောက်အဦး သုံးခုမှာ တပ်ဆင်ထားတဲ့ဗုံးတွေ ပေါက်ကွဲမှုများ၊ ချုံခိုတိုက်ခိုက်ခံရမှုများကြောင့် အစ္စရေးတပ်ဖွဲ့ဝင် ၉ ဦးအထိ ကျဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ပွဲကိုအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုနေပေမယ့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်ထောင်ချီ အပါအဝင် ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၈ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ မြေပြင်ထိုးစစ်ဆင်ချိန်အတွင်း ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ အစ္စရေးတပ်ဖွဲ့တွေကို ချုံခိုတိုက်ခိုက်ခြင်းများ၊ ဗုံးထောက်တိုက်ခိုက်ခြင်းများ၊ အနီးကပ်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပြီးသော ထိုင်းရောက်မြန်မာလုပ်သားများ ဇန်နဝါရီလမှစ၍ ဝင်ငွေခွန်ပေးဆောင်နိုင်မည်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ