Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပြီးသော ထိုင်းရောက်မြန်မာလုပ်သားများ ဇန်နဝါရီလမှစ၍ ဝင်ငွေခွန်ပေးဆောင်နိုင်မည်

Pearl (NSS) - ဒီဇင်ဘာ ၁၄

နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ပြီးသော ထိုင်းရောက်မြန်မာလုပ်သားများအနေဖြင့်  ဇန်နဝါရီလ (၁)ရက်မှစ၍ ဝင်ငွေခွန် ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။ 


စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ “ပြည်ပနေမြန်မာနိုင်ငံသားများ၏ ပြည်ပတွင်ရရှိသည့် လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ် ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအနက် စက်ရုံ/ အလုပ်ရုံ၊ စိုက်ပျိုး/ မွေးမြူ ရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း၊ အထွေထွေလုပ် သားစသည့် Blue Collar များ၏ လစဉ်ဝင်ငွေကို ၇၅၀၀ ဘတ်နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ၁၅၀ ဘတ် လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ဆိုထားသည်။

ထိုသို့ပေးသွင်းခြင်းဖြင့် လစဉ် ၇၅၀၀ ဘတ်နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိကာ မြန်မာနိုင်ငံ ပြန်ရောက်ချိန်၌ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ကို ဝယ်ယူရာတွင် စုဆောင်းထားသော ငွေဖြူစာရင်း အပေါ် တွက်ချက်၍ ဝင်ငွေခွန်လျော့ပေါ့ပေးခြင်းကို ခံစားခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် မြန်မာသံရုံး (ဘန်ကောက်)၌ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၂) ရက်မှစ၍ တပ်ဆင်ထားသောစက်များအား စမ်းသပ်ဆဲကာလဖြစ်သဖြင့် နိုင်ငံကူးလက်မှတ်လာရောက်လုပ်ကိုင်သူများကိုသာ ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ယခင်ကာလများ၌ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ထားသူများအနေဖြင့် လာမည့် ဇန်နဝါရီလ (၁)ရက်မှစ၍ မြန်မာသံရုံးသို့ လာရောက်ပြုလုပ်နိုင်ကြောင်း သံရုံးက အသိပေးထားသည်။

အခွန်ထမ်းဆောင်ရာတွင် တစ်ဦးလျှင် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလမှ ဒီဇင်ဘာလအထိ တစ်လလျှင် ၁၅၀ ဘတ်နှုန်းဖြင့် ၃ လစာ၊ ၄၅၀ ဘတ်အား အခွန်ပေးသွင်းရမည်ဖြစ်ပြီး နောက်ပိုင်းကာလများ၌ လစဉ် (သို့မဟုတ်) ၃ လတစ်ကြိမ် (သို့မဟုတ်) ၆ လတစ်ကြိမ် (သို့မဟုတ်) ၉ လတစ်ကြိမ် ပေးသွင်းနိုင်ကြောင်း သိရသည်။ 

ထို့ပြင် ထိုင်းနိုင်ငံ၏ ကုမ္ပဏီများ (ရေကြောင်းကုမ္ပဏီအပါအ ဝင်) ဆေးရုံများ၊ တက္ကသိုလ်/ ကောလိပ်များ၊ ဆောက်လုပ်ရေး အင်ဂျင်နီယာများ၊ စက်ရုံ/ အလုပ်ရုံအင်ဂျင်နီယာများ စသည့် White Collar များ၏ ဝင်ငွေခွန်ကောက်ခံရာတွင် လစာဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်တွက်ချက်ထားသော်လည်း ထိုင်းနိုင်ငံတွင် အခွန်ဆောင်ထားခြင်းရှိပါက ၂ ရာခိုင်နှုန်း အခွန်တွက် ချက်ရငွေမှနုတ်၍ ကျန်ငွေကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ 

White Collar အခွန်ထမ်းများသည် မြန်မာသံရုံးသို့ အခွန်လာရောက်ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာကုမ္ပဏီ/ ဌာန၏ Pay Slip၊ (သို့မဟုတ်) Salary Certificate နှင့် Tax Slip များကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

အခွန်ထမ်းဆောင်သူများအား QR Code အမှတ်အသားပါရှိသည့် “အခွန်ပေးသွင်းမှုအထောက်အထားလက်မှတ်”ကို ပြန်လည်ပေးမည်ဖြစ်၍ ပျောက်ဆုံး/ ပျက်စီးခြင်းမရှိရန် ကာယကံရှင်မှ ထိန်းသိမ်းထားရမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိချိန်၌ ငွေဖြူအား ဝင်ငွေခွန်အတွက် အသုံးပြုလိုပါက အဆိုပါလက်မှတ်အား ပြသရမည်ဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟားမက်စ်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့အမေရိကန်နိုင်ငံသားများ အမြန်ဆုံးပြန်လွှတ်မြောက်ဖို့ လုပ်ဆောင်လို့ရသမျှ အကုန်လုပ်ဆောင်မယ်လို့ အမေရိကန်သမ္မတ ကတိပြု

RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved