ဟားမက်စ်အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့အမေရိကန်နိုင်ငံသားများ အမြန်ဆုံးပြန်လွှတ်မြောက်ဖို့ လုပ်ဆောင်လို့ရသမျှ အကုန်လုပ်ဆောင်မယ်လို့ အမေရိကန်သမ္မတ ကတိပြု
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဂါဇာဒေသမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့မိသားစုတွေနဲ့ ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဟားမက်စ်အုပ်စု ဖမ်းဆီးခံထားရသူတွေထဲမှာ ပါဝင်နေဆဲဖြစ်တဲ့ ဆာဂူရဲ့ဖခင်ဖြစ်သူ ဂျိုနသန် ဒါကယ်ချန်က " ကျွန်တော်တို့ဟာ အမေရိကန်အစိုးရရဲ့ကတိစကားတွေကို လက်ခံရရှိခဲ့တယ်။ အမေရိကန်အစိုးရဟာ ဖမ်းဆီးခံ ထားရတဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်ပေးဖို့ အလုံးစုံလုပ်နေတယ်။ အမေရိကန်အစိုးရဟာ ဖမ်းဆီးခံထားရ တဲ့ အမေရိကန်နိုင်ငံသားတွေ ပြန်လွှတ်မြောက်ဖို့ လမ်းကြောင်းပေါင်းစုံကနေ လုပ်ဆောင်နေပါတယ်" လို့ ပြောပါ တယ်။
အမေရီကန်သမ္မတဂျိုးဘိုင်ဒန်က "ဟားမက်စ်လက်နက်ကိုင်အုပ်စုလက်ထဲရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသား တွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ အဆုံးအရှုံးမခံစေလိုဘူး။ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လည် လွှတ်မြောက်အောင် အရာရာတိုင်းကို ဆက်လက်လုပ်ကိုင်သွားမယ်" လို့ ပြောပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်က အမေရိကန်နိုင်ငံသား တွေ အပါအဝင် လူပေါင်း ၂၄ဝ ကို ဖမ်းဆီးထိန်းသိမ်းထားပြီးအစ္စရေးနဲ့ ၇ ရက်ကြာ အပစ်ခတ်ရပ်စဲထားချိန်အတွင်း လူပေါင်းရာချီကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ် ရပ်စဲရေးသဘောတူညီချက် ပျက်သွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားများ အပါအဝင် လူပေါင်း ၁၃၅ ဦး ဖမ်းဆီး ခံထားရဆဲဖြစ်ကြောင်း သိရပါတယ်။
ပြန်ပေးဆွဲခံထားရသူများရဲ့မိသားစုများက ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲရောက်ရှိနေတဲ့ သားသမီး၊ ဆွေမျိုးများကို ခရစ္စမတ်ကာလမတိုင်ခင် ပြန်လွှတ်စေလိုပြီး၊ ခရစ္စမတ်ပွဲကိုအတူ ဆင်နွှဲစေလိုကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားလမ်း နှင့် ရထားဘူတာများ မိုင်းထောင်၊ မိုင်းခွဲဖျက်ဆီးခံရမှု အကြိမ်ရေ (၂ဝဝ)နီးပါးအထိရှိလာ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း