အစ္စရေးနဲ့ စစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးဖို့ လမ်းကြောင်း ဖွင့်လှစ်ထားဟု ဟားမက်စ်အုပ်စုပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၄
ဟားမက်စ်အုပ်စုရဲ့နိုင်ငံရေးအုပ်စုခေါင်းဆောင်က ၎င်းတို့အနေနဲ့ အစ္စရေးနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်နိုင်အောင် စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ လမ်းကြောင်းဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမယ့် အစ္စရေးနဲ့ချုပ်ဆိုမယ့် အပြီးသတ်နောက်ဆုံးထဲမှာ ပါလက်စတိုင်းကို လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိ အမှတ်ပြု ခွင့်ပြုမယ်ဆိုတဲ့အချက် ထည့်သွင်းပါဝင်ရမယ်လို့ ဟားမက်စ်ခေါင်းဆောင်ဖြစ်သူ Ismail Haniyeh က ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အစ္စရေးနဲ့စေ့စပ်ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ အနာဂါတ်တွေ့ဆုံဆွေးနွေးမှုတွေဟာ အနောက်ဘက်ကမ်းခြေနဲ့ ဂါဇာကမ်းမြောင် ဒေသနှစ်ခုစလုံးမှာ ပါလက်စတိုင်း အိမ်ဆောက်လုပ်ခွင့်ရဖို့ ဖြစ်တယ်။ ရန်လိုမှုတွေ အဆုံးသတ်နိုင်ရေး တွေ့ဆုံဆွေးနွေးဖို့လည်း လမ်းကြောင်းဖွင့်လှစ်ထားတယ်" လို့ ပြောပါတယ်။
ဟားမက်စ်အုပ်စုဟာ အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အုပ်စုကြား စစ်ပွဲဖြစ်လာခဲ့ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်ပွဲအဆုံးသတ်ဖို့ တိုက်တွန်းတောင်းဆိုနေပါတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စု ခေါင်းဆောင်က "ဂျေရုဆလင်မြို့ကို လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံရဲ့မြို့တော်အဖြစ် ခွင့်ပြုပြီး ပါလက်စတိုင်း ပြည်သူတွေကို နိုင်ငံရေးလှုပ်ရှားခွင့်တွေပေးဖို့ လိုအပ်တယ်" လို့လည်း ထပ်မံပြောဆိုထားပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားရရှိခဲ့တဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ကာတာနိုင်ငံဟာ အပစ်ခတ်ရပ်စဲရေး ထပ်မံရရှိဖို့ ကြိုးပမ်းနေပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမက်စ်လက်နက်ကိုင်အုပ်စုကို အမြစ်ပြတ်ချေမှုန်းဖို့စီစဉ်ထားပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်လို့ရမှာ မဟုတ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသစစ်ပွဲအတွင်း အစ္စရေးစစ်သား အနည်းဆုံး ၁၁၆ ဦး ကျဆုံးခဲ့ဟု အစ္စရေးစစ်ဘက် သတင်းထုတ်ပြန်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ