ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်)၊ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးလမ်း၊ လပြည့်ဝန်းစက်သုံးဆီအရောင်းဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်ကို တစ်ယောက်တည်းစီးလာပြီးမှောက်တာပါ။ အဲဒီနေရာမှာပဲ ဒဏ်ရာတွေရပြီး ဆုံးသွားတာ။ ကျွန်တော်တို့လည်း ဒီလောက်ပဲသိရတယ်” ဟု တိုင်းနေနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် အသက်(၃၀)နှစ်ကျော်အရွယ် ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ကျိုင်းတုံမြို့နယ်တွင် နေထိုင်သူဖြစ် ကြောင်း သိရသည်။
“သေဆုံးသူက ကျိုင်းတုံမြို့နယ်ထဲကပါ။ မိသားစုနဲ့လည်း အ ဆက်သွယ်ရပါတယ်။ အရင်လွန်ခဲ့တဲ့ (၃)ရက်လောက်ကပဲ အဲဒီနေရာမှာ ဆိုင်ကယ်မှောက်ပြီး လူတစ်ဦးဆုံးသွားသေးတယ်။ ခုတစ်ခါဆို(၂)ခါပေါ့။ (၂)ခါလုံး လူသေတယ်” ဟု ၎င်းကဆက် လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလာင်းအား တိုင်းနေနာ ရေးကူညီမှုအသင်းမှ ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ရောက်ရှိ ခိုလှုံနေပြီး အကူအညီများလိုအပ်လျက်ရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ