သရက်သီးတက်ခူးသည့် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျကာ ပွဲချင်းပြီးသေဆုံးသွားမှု ရန်ကုန်မြို့၌ဖြစ်ပွား
စော (NSS) - ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် သရက်သီးတက်ခူးသည့် အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ပြုတ်ကျခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ယနေ့(ဒီဇင်ဘာလ ၁၃ ရက်) နံနက် (၁၁)နာရီဝန်းကျင်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သံလမ်းလူကူးတံတားအနီးရှိ သရက်ပင်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။
“သူက သရက်သီး အကင်းလေးတွေတက်ခူးတာပါ။ သူတို့ဘယ်အချိန်ကတက်ခူးနေလဲဆိုတာ အိမ်ရှင်လည်းမသိလိုက်ဘူး။ တက်ခူးတာလွယ်အိတ်တစ်လုံးလောက်ရတယ်။ အဲဒီချိန်မှာ ခြေချော်ပြီးပြုတ်ကျတာပါ။ ကျွန်တော်တို့ရောက်တော့ ဆုံးသွားပါပြီ။ သူက သရက်သီးတွေ လိုက်ခူးပြီး ရောင်းစားနေတဲ့လူလို့ ကနဦး သိရပါတယ်” ဟု သုဝဏ္ဏပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
သေဆုံးသူသည် အသက် (၆၀)နှစ်ဝန်းကျင်ရှိ ဦးတင်ဇော်ဖြစ်ပြီး နှင်းဆီကုန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
၎င်း၏ရုပ်အလောင်းအား Medical လူငယ်များလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်ရှိ ဒဂုံမြို့သစ်မြို့နယ် (၃)ခု၌ မနက်ဖြန်တွင် လျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်ဟု YESCအသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ