Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့် မဖွင့်လှစ်နိုင်သော စာသင် ကျောင်းများရှိနေပြီး စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ပေးရန် တောင်းဆို

မျိုးကြီး (NSS) - ဒီဇင်ဘာ ၁၃ 

နိုင်ငံအတွင်း ဖြစ်ပွားနေဆဲ ပဋိပက္ခများကြောင့်  မဖွင့်လှစ်နိုင်သော စာသင်ကျောင်းများရှိနေပြီး စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများရှိနေသည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍  တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း၌ စာသင်ကျောင်းများ မီးရှို့ဖျက်ဆီးခံရခြင်း၊ မိုင်းထောင် ဖောက်ခွဲခံရခြင်းများရှိနေသည့်အပြင် ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းများသည်လည်း ခြိမ်းခြောက်သတ်ဖြတ်ခံရမှုများ ရှိနေသည်။

ထို့ပြင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့၊ PDF အဖွဲ့များကြားတွင်လည်း တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရထားသည့် အခြေအနေ များ ဖြစ်ပေါ်လျက်ရှိနေသည်။

ယင်းကဲ့သို့ ပဋိပက္ခများကြောင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍတွင် ထိခိုက်နစ်နာမှုများရှိနေသည့်အတွက် စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ပေးရန် ပညာရေးအသိုင်းအဝိုင်းနှင့် ရဟန်းသံဃာများက တောင်းဆိုမှုများရှိနေသည်။

"လက်ရှိမှာ Safe Zone က အကျိုးသက်ရောက်မှုများမယ်။ ဘာလို့လဲဆိုတော့  ဒီနိုင်ငံက ပျက်စီးနေတယ်။  ပြန်ပြင်ဖို့ဆိုရင် ပညာတတ် အမြောက်အများလိုအပ်တယ်။ အဲဒီတော့ ကလေးငယ်တွေက အချိန်နဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ပညာသင်ကြားမှုရမယ်။ နောက်ပြီး ပညာသင်ကြားတဲ့အခါမှာ ဘယ်သူရဲ့ အနှောက်အယှက်မှ မရှိတဲ့ အခါကျတော့ သူတို့တွေလည်း ပညာသင်ကြားလို့ ရတာပေါ့။ ဘယ်သူကမှ မနှောက်ယှက်ဘူး။ အသက်အန္တရာယ်လည်း မစိုးရိမ်ရဘူးဆိုတော့ လွတ်လွတ်လပ်လပ်စာကြိုးစားလို့ရတယ်ပေါ့။  အခုတော့ ဘယ်အချိန်များလာ ဗုံးကြဲ မလဲဆိုတဲ့စိတ်နဲ့ စာသင်နေရတာ" ဟု စစ်ကိုင်းတိုင်း အတွင်းရှိ ကျောင်းဆရာတစ်ဦးက ပြောသည်။

လက်ရှိ ပဋိပက္ခများအတွင်း၌ လက်နက်ကိုင် အဖွဲ့အစည်းများ သည် စာသင်ကျောင်းများအတွင်း ဝင်ရောက်နေထိုင်သော ဖြစ် စဉ်များရှိနေပြီး စာသင်ကျောင်းတစ်ဝိုက်၌ပင် ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိနေသည်။

ထို့ပြင် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားရန် NUG လက်အောက်ခံ PDF အဖွဲ့အစည်းများက ခြိမ်းခြောက်မှုများ ရှိနေသည်။

လတ်တလောတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ချင်းပြည်နယ်အတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စာသင်ကျောင်းများ ပိတ်ထားရလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတကာအပါအဝင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံအတွင်းရှိ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ပေးရန် ပညာရေးအသိုင်းအဝိုင်းနှင့် ရဟန်းသံဃာအချို့က တောင်းဆိုထားသည်။

"စစ်ကိုင်းတိုင်းမှာက  ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဘယ်ဘက်ကမှ သေချာပညာမသင်ကြားနိုင်ဘူး။ နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမတွေဆိုရင်လည်း သူတို့ကျရာ တာဝန်တွေမှာ မသွားနိုင်ဘူး။ သွားလို့လည်း မရဘူး။ အဲဒီတော့  ဒီပညာရေးဇုန်တွေ အားလုံးက ရပ်တန့်နေတယ်။ မြို့တွေလောက်ပဲ နည်းနည်းပါးပါးဖွင့်နိုင်တယ်။ ကျေးလက်တွေဆိုရင်လည်း မဖွင့်နိုင်တော့ဘူး။ ဖွင့်ပါ တယ်ဆိုတဲ့ဟာတွေကလည်း သူတို့စနစ်တကျ ဘာမှ မသင်နိုင်ဘူး" ဟုIBEC ဆရာတော် ဦးသောဘိတက မိန့်ကြားထားသည်။

ပညာရေး၊ ကျန်းမာရေးကိစ္စများသည် တပ်မတော် နှင့် မဆိုင်သကဲ့သို့ NUG နှင့်လည်း မသက်ဆိုင်ကြောင်း၊ ပညာရေးသည် လူထုနှင့်သာ သက်ဆိုင်ပြီး မည်သည့်အဖွဲ့အစည်းကမျှ အနှောက်အယှက်ပေး၍ မရကြောင်း ဆရာတော် ဦးသောဘိတက မိန့်သည်။

လက်ရှိနစကအစိုးရလက်ထက်တွင် NUG လက်အောက်ခံ PDF အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် ဆရာ၊ ဆရာမ ပညာရေးဝန် ထမ်း (၈၈)ဦးအထိ  သေဆုံးခဲ့ရသည်ဟု နစကဘက်က ထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သင်္ဃန်းညီနောင်ရှိ ဓာတ်အားခွဲရုံကို KNLA၊ PDF ပူးပေါင်းအဖွဲ့က ဗုံးပစ်ချတိုက်ခိုက်ခဲ့သည့်အတွက် လျှပ်စစ်မီး ပြတ်တောက်နေ

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved