မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို တိုက်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းသွားမည်ကို မလိုလားသူများရှိနေဟု ဆို
မျိုးကြီး (NSS) - ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို တိုက်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းသွားမည်ကို မလိုလားသူများရှိနေ ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက ယမန်နေ့တွင် နိုင်ငံအတွင်း ဖြစ်ပွားနေသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခုရက်ပိုင်းအတွင်း၌ တရုတ်နိုင်ငံ၏ အကူအညီဖြင့် တပ်မတော်နှင့် MNDAA၊ TNLA၊ AA အဖွဲ့တို့သည် နိုင်ငံရေး အရ ဖြေရှင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ အနောက်နိုင်ငံအားပေးမီဒီယာများ၊ အနောက်နိုင်ငံများမှ ထောက်ပံ့ပေး ထားသည့်မီဒီယာများက ဆန့်ကျင်သည့်သဘော၊ ဆွေးနွေးပွဲမဖြစ်စေချင်သည့်သဘောများဖြင့် ရေးသားထုတ်လွှင့် နေမှုများရှိဟု နစကပြောခွင့်ရက ဆိုသည်။
“ဒီနေရာမှာ ပြောချင်တာကတော့ အနောက်နိုင်ငံအားပေးမီဒီယာများ၊ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဒေါက်တိုင် မီဒီယာများအနေနဲ့ ကျွန်တော်တို့ တရုတ် - မြန်မာနှစ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဖွံ့ဖြိုးတိုး တက်ရေးကို မလိုလားနေတာတော့ အမှန်ပဲဖြစ်ပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်သွားမှာကို၊ နယ်စပ်ဒေသတွေ တည်ငြိမ်အေးချမ်းသွားမှာကို မလိုလားဖြစ်နေတာတော့ အထင်းသားတွေ့ နိုင်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါမီဒီယာများအနေဖြင့် မြန်မာနိုင်ငံ၏ မည်သည့်နေရာကိုမျှ ငြိမ်းချမ်းစေလိုသည့် စိတ်ဆန္ဒမရှိကြောင်းလည်း ၎င်းက ထပ်မံတုံ့ပြန်ထားသည်။
“ဘာဖြစ်လို့လဲဆိုတော့ မငြိမ်းချမ်းလေ သူတို့အတွက် ဝင်ငွေရရှိလေပဲဖြစ်ပါတယ်။ သူတို့ရပ်တည်နေတာသည် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေး မြန်မာနိုင်ငံမှာ သူတို့ကိုထောက်ပံ့ပေးနိုင်မယ့်၊ မြန်မာနိုင်ငံမှာ သူတို့လိုလားတဲ့ သူတို့ရဲ့လက်ကိုင်တု တ်အစိုးရရရှိရေးအတွက် ရည်မှန်းပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံရဲ့မည်သည့်နေရာမှာမဆို တိုက်ပွဲတွေရပ်တန့်သွားမှာ၊ ငြိမ်းချမ်းရေးရရှိမှာ သူတို့ အစိုးရိမ်ဆုံးဖြစ်ပါ တယ်” ဟု နစကပြောခွင့်ရ တုံ့ပြန်ထားသည်။
လက်ရှိတွင် နိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် အခြားသောဒေသများတွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
စစ်ပွဲများကို အမှီပြု၍ အကျိုးအမြတ်ရရှိနေသူများကသာ တိုက်ပွဲများကို ဖန်တီးနေကြောင်း KNU ကော့ကရိတ် ခရိုင်ဥက္ကဋ္ဌ ပဒိုရွှေမောင်းကလည်း သုံးသပ်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
“ရွှေတိဂုံစေတီတော်ကြီးနဲ့ပတ်သက်တဲ့ ငွေဆိုရင် အစိုးရကဖြစ်စေ၊ တစ်ဖွဲ့ဖွဲ့ကဖြစ်စေ ယူချင်တိုင်းယူ၊ သုံးချင်တိုင်းသုံးစွဲခွင့် မရှိပါဘူး” (အင်တာဗျူး)
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ