ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် သမ္မတဟောင်းဒေါ်နယ်ထရမ့် အလားအလာကောင်းနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် လာမည့် ၂ဝ၂၄ ခုနှစ်အတွင်းကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် အားပေးထောက်ခံမှုများ အခိုင်အမာရရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့်စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
ရိုက်တာသတင်းဌာန နှင့် Ipsos အမည်ရှိအဖွဲ့အစည်းသည် စစ်တမ်းတစ်ခုကောက်ယူခဲ့ရာ ရီပတ်ဘလီကန်ပါတီ အတွင်းရှိ မဲပေးခွင့်ရှိသူ ၆၁ ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်ကို ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ထောက်ခံအားပေးမည်ဟု ပြောခဲ့ကြောင်း သိရသည်။
ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းအဖြစ် မည်သူကို ပါဝင်ယှဉ်ပြိုင်စေလိုသလဲဆိုသော မေးခွန်းနှင့်ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ရာတွင် ဖြေဆိုသူ လူပေါင်း ၁၇ဝဝ နီးပါးအနက် ၆၁ ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်ကို မဲပေးခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်များဖြစ်သော နီကီဟာလေး နှင့် ရွန်ဒီဆန်းတစ်ကို မဲပေးခဲ့သူ ၁၁ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ခရစ်တိုင်းက ထောက်ခံမဲ ၂ ရာခိုင်နှုန်း စီးပွားရေးလုပ်ငန်းရှင် ရာမာဆွာမီ က ထောက်ခံမဲ ၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ရီပတ်ဘလီကန်ပါတီအတွင်းရှိ အခြားပြိုင်ဘက်များထက် ထောက်ခံမဲ ၅ဝ ရာခိုင်နှုန်းအသာ ရရှိနေကြောင်း စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန်သမ္မဟောင်းဒေါ်နယ်ထရမ့်မှ လွဲပြီး အခြားရီပတ်ဘလီကန်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်သူများ သည် ပါတီအတွင်း စကားစစ်ထိုးပွဲများ လုပ်ဆောင်ထားကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန် သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည်ဟု သတင်းထုတ်ပြန်ခဲ့ပြီးနောက် သမ္မတ ဂျိုးဘိုင်ဒန် ဦးဆောင်သော အမေရိကန်အစိုးရက ဖိအားမျိုးစုံ ပေးခဲ့ကြောင်း သိရသည်။
သို့သော်လည်း ရီပတ်ဘလီကန်ပါတီအားပေးထောက်ခံသူအများစုသည် ဒေါ်နယ်ထရမ့်ကို အမေရိကန်သမ္မတ အဖြစ် ဒုတိယအကြိမ် ပါဝင်ယှဉ်ပြိုင်ရန် လိုလားနေကြောင်း ယင်းစစ်တမ်းထဲတွင် ဖော်ပြထားသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သော သမ္မတရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒန်နှင့်ဖြစ်ပွားခဲ့သော အငြင်းပွား မှုများနှင့်ပတ်သက်ပြီး စွဲချက်များ တင်ခံထားရသော်လည်း စွဲချက်အားလုံးအပေါ် ငြင်းဆန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျပ် ၁ဝ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုဖြင့် သိမ်းဆည်းရန် ရဲတပ်ဖွဲ့ပြင်ဆင်နေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ