ဟူသီလက်နက်ကိုင်အုပ်စု၏ ရန်ကို ကာကွယ်ရန် အမေရိကန်ဦးဆောင်သည့်နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်မည့် ရေတပ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းရန်စီစဉ်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃
ပင်လယ်နီဒေသတွင် ကုန်စည်သင်္ဘောများကို ဖမ်းဆီးတိုက်ခိုက်မှုအရှိန်မြင့်တက်လာနေသော ဟူသီလက်နက်ကိုင် အုပ်စု၏ ရန်ကို ကာကွယ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည် အနည်းဆုံးနိုင်ငံပေါင်း ၁၂ နိုင်ငံ ပူးပေါင်းပါဝင်မည့် ရေတပ်ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟူသီလက်နက်ကိုင်အုပ်စု သည် ယီမင်နိုင်ငံအနီးတွင်ရှိနေသော ပင်လယ်နီဒေသမှဖြတ်သန်းသော သင်္ဘောများကို တိုက်ခိုက်၊ ဖမ်းဆီးခြင်း များ လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။
အမေရိကန်စစ်ဘက်တာဝန်ရှိသူတစ်ဦးက ဘာရိန်းနိုင်ငံတွင် အခြေစိုက်ထားသော ရေတပ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ CTF-153 အဖွဲ့ကို တိုးချဲ့သွားရန် နည်းလမ်းရှာနေကြောင်း၊ လက်ရှိအချိန်တွင် CTF-153 အဖွဲ့ဝင်နိုင်ငံပေါင်း ၃၉ နိုင်ငံ ရှိနေသော်လည်း ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကို တားဆီးမည့်အဖွဲ့ ဖွဲ့စည်းရန် နိုင်ငံပေါင်း ၁၂ နိုင်ငံ တက်ရောက်ခဲ့ကြောင်း ပြောသည်။
အမေရိကန်အစိုးရသည် ပင်လယ်နီဒေသတွင် ကုန်စည်သင်္ဘောများကို ပစ်မှတ်ထား ဖမ်းဆီးတိုက်ခိုက်နေသည့် ဟူသီလက်နက်ကိုင်အဖွဲ့ ရန်ကို ကာကွယ်နိုင်မည့် ပူးပေါင်းအဖွဲ့ ဖွဲ့စည်းရန် စီစဉ်နေသော်လည်း အသေးစိတ် အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။ အီရန်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို ရရှိခဲ့သော ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒီဇင်ဘာလအစောပိုင်းကတည်းက ကုန်စည်သင်္ဘောများကို ရော့ကဒ် ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို အရှိန်မြင့်လုပ်ဆောင်ခဲ့ရာ အမေရိကန်ရေတပ် သင်္ဘောနှင့် ပြင်သစ်ရေတပ်သင်္ဘောတို့က ကြားဖြတ်ကာကွယ်ပေးခဲ့ရကြောင်း သိရသည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် ပင်လယ်နီဒေသမှဖြတ်သန်းမည့် အစ္စရေးနိုင်ငံသားများပိုင်ဆိုင်သော ကုန်စည်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု နိုဝင်ဘာလအစောပိုင်းတည်းက သတိပေးထားသည်။
အမေရိကန်စစ်တပ်က ဟူသီလက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ပင်လယ်နီဒေသတွင် ကုန်စည်သင်္ဘောများကို အနည်းဆုံး ၄ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုများကို သင်တော်သည့် တုံ့ပြန်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတိပေးထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်ကလည်း အမေရိကန်နိုင်ငံအနေဖြင့် ပင်လယ်နီဒေသအတွင်း လွတ်လပ်စွာရေကြောင်းသွားလာမှုများကို ခြိမ်းခြောက်နေသည့် ဟူသီလက်နက်ကိုင်အုပ်စုများကို ဖြိုခွင်းရန် ဒေသအတွင်းမဟာမိတ်နိုင်ငံများနှင့် ဆွေးနွေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် သမ္မတဟောင်းဒေါ်နယ်ထရမ့် အလားအလာကောင်းနေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ