Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NUG၊ PDF အဖွဲ့အနေဖြင့် ရဟန်းသံဃာ (၉၂) ပါး နှင့် ပညာရေးဝန်ထမ်း (၈၈) ဦးကို သတ်ဖြတ်ခဲ့ကြောင်း နစကပြော

မြူနစ် (NSS) - ဒီဇင်ဘာ ၁၃

လက်ရှိ နစကအစိုးရလက်ထက်၌ NUG၊ PDF အဖွဲ့အနေဖြင့် ရဟန်းသံဃာ (၉၂)ပါး နှင့် ပညာရေးဝန်ထမ်း (၈၈) ဦး ကို သတ်ဖြတ်ခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်း ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ အထိ NUG၊ PDF အဖွဲ့အနေဖြင့် ရဟန်းသံဃာ (၉၂)ပါးကို သတ်ဖြတ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။


ထို့ပြင် ၎င်းအဖွဲ့များအနေဖြင့် ပညာရေးဝန်ထမ်း (၈၈)ဦး နှင့် ကျန်းမာရေးဝန်ထမ်း (၂ဝ)ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း နစကဘက်က ဆိုသည်။

“ဒါမျိုးက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စလေ။ ကျွန်တော်တို့က ပညာရေးဆိုတာ လွတ်လွတ်လပ်လပ်ပေးရတဲ့အရာ လေ။ ဥပဒေမှာလည်း လွတ်လပ်စွာ ပညာသင်ကြားခွင့် ဦးစားပေးဖော်ပြထားတာရှိတယ်လေ။ စာသင်ကျောင်းတွေ၊ ဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေကို ဖျက်ဆီးသတ်ဖြတ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့အဖြစ်ဖြစ် အကြမ်းဖက် အဖွဲ့လို့ပဲ သတ်မှတ်ရမှာပဲ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ ကျောင်းဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။

အလားတူ NUG၊ PDF တို့အနေဖြင့် မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း ပြုလုပ်ခဲ့သည့် ဆေးရုံ၊ ဆေးခန်းပေါင်းသည် (၅၅)ခု နှင့် စာသင်ကျောင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံပေါင်း (၇၇၃)ခု ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

“ဒီလိုအဖျက်လုပ်ငန်းတွေ လုပ်နေတဲ့သူတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီ အရေး၊ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်အရေးဆိုတာတွေကို လုပ်ဆောင်မယ့်သူတွေလား။ အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ပြီး သူတို့အာဏာရရှိရေး လုပ်ဆောင်မယ့်လူတွေလားဆိုတာ ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ ခွဲခွဲခြားခြား ကွဲကွဲပြား ပြား သိမြင်နိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် အများပြည်သူအသုံးပြုနေသည့် ဆက်သွယ်ရေးတာဝါတိုင် (၆ဝဝ)ကျော်ကိုလည်း NUG၊ PDF အဖွဲ့အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။


လက်ရှိ နစကအစိုးရလက်ထက်တွင် အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် လူဦးရေ (၆၇ဝဝ)ကျော် သေဆုံးခဲ့ရသည်။

ရဟန်းသံဃာ အပါအဝင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်အများအပြားသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် မန္တလေးတိုင်းတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီဘက်မှာရှိတဲ့ PDF တွေရဲ့နောက်မှာ KIA လက်နက်ကိုင်အဖွဲ့ ကြိုးကိုင်ချယ်လှယ်နေတယ်လို့တော့ ဦးဇင်း ထင်ပါတယ်။ KIA ရဲ့ မှိုင်းတွေမိနေလို့ ဒီလောက်အထိ ရက်ရက်စက်စက်ဖြစ်နေတာ။ စစ်ကိုင်း၊ မကွေးဘက်မှာပဲ ဒီလိုဖြစ်စဉ်တွေ အများဆုံးဖြစ်နေတာ။ နောက် စစ်တပ်က လာရောက်တည်းခိုတဲ့ ဘုန်းကြီးကျောင်းတွေဆိုရင် ဒလန်ဘုန်းကြီး ကျောင်းဆိုပြီး စွပ်စွဲခံရတာတွေရှိတယ်။ တစ်ချို့ဘုန်းကြီးတွေလည်း ကျောင်းမှာတောင် သီတင်း မသုံးရဲဖြစ်နေတယ်” ဟု မကွေးတိုင်းအတွင်းရှိ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

လက်ရှိတွင် နိုင်ငံအတွင်း၌ အကြမ်းဖက်သတ်ဖြတ်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားနေလျက်ရှိပြီး နိုင်ငံတော် တာဝန်ရယူထားသည့် နစကအနေဖြင့် အပြည့်အဝကာကွယ်ပေးနိုင်ခြင်းမရှိသကဲ့ အကြမ်းဖက်အဖွဲ့များအနေဖြင့် လည်း ဆက်လက် အကြမ်းဖက်နေလျက်ရှိသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို PDF အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင်(၂)ဦး သေဆုံး

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved