Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယား နှင့် လက်ဘနွန်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၏တိုက်ခိုက်မှုကို အစ္စရေးစစ်တပ် လက်တုံ့ပြန် တိုက်ခိုက်

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃ 

အစ္စရေးနိုင်ငံမြောက်ပိုင်းကို ရော့ကက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အစ္စရေးနိုင်ငံသည် ဒီဇင်ဘာ ၁၃ ရက်တွင် လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအုပ်စု နှင့် ဆီးရီးယားနိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က သတင်းထုတ်ပြန်ထားသည်။ 

အစ္စရေးစစ်တပ်သည် ဆီးရီးယားနိုင်ငံရှိ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦး နှင့် ဟစ်ဘိုလာလက်နက်ကိုင် အဖွဲ့၏ ရော့ကက်လောင်ချာ ပစ်သောနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေး နှင့် လက်ဘနွန်လက်နက်ကိုင်အဖွဲ့ဖြစ်သော ဟစ်ဘိုလာအုပ်စုကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများသည် ဒီဇင်ဘာလအစောပိုင်းတည်းက အရှိန်ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ 


အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနိုင်ငံ ဘက်ခြမ်းကို ပစ်မှတ်ထားကာ ရော့ကက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဟစ်ဘိုလာအုပ်စု၏ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရ နှင့် အစ္စရေးအစိုးရတို့က သတိပေးပြောဆိုထားပြီး လက်ဘနွန်နိုင်ငံက ဒုတိယစစ်မျက်နှာဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ 


အစ္စရေးစစ်တပ်က တင့်ကားများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီးရီးယားနိုင်ရှိ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ရသလို ဟစ်ဘိုလာအုပ်စု၏ ရော့ကက်ဒုံးကျည် ပစ်ခတ်နေသည့်နေရာ များလည်း ထိမှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုက ၎င်းတို့သည် လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကတ်၊ ဒုံးကျည်အများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံထားသည်။ ထို့အပြင် အီရန်နိုင်ငံ၏ အထောက်ပံ့ကိုရရှိထားသော ဆီးရီးယားနိုင်ငံအဖွဲ့စည်းကလည်း အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကက် သုံးစင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထားသည်။ အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများ စတင်ဖြစ်လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းများသည် အီရန်နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်နေခဲ့ပြီး လက်ရှိအချိန်တွင် တိုက်ပွဲအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

NUG၊ PDF အဖွဲ့အနေဖြင့် ရဟန်းသံဃာ (၉၂) ပါး နှင့် ပညာရေးဝန်ထမ်း (၈၈) ဦးကို သတ်ဖြတ်ခဲ့ကြောင်း နစကပြော

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved