မြန်မာနိုင်ငံသို့ EV ကား အစီးရေ (၁၅ဝ)ထက်မနည်း ရောက်ရှိထားပြီး charging station များလည်း ယခုလအတွင်း ပေါ်ထွက်လာဖွယ်ရှိနေ
ယွန်း (NP News) - မတ် ၁၃
လျှပ်စစ်မော်တော်ယာဥ် အစီး(၅ဝ)ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ယနေ့(မတ်လ ၁၃ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ခွင့်ပြုချက်အရ Essential Motor Co., Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ် (၁၅) စီးနှင့် Grand SiriusCo.,Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးမော်တော်ယာဉ် (၃၈) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၅၃) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် မတ်လ(၁၁)ရက်က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါ လျှပ် စစ်ကားများ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့် ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်ကား(၄၉)စီးသည် မူဆယ် (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ထီးတန်းဆိပ်ကမ်းများသို့ရောက်ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ လျှပ်စစ်ကား အစီးရေ(၄ဝ)ကျော် ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလအတွင်းကလည်း အစီးရေ (၂၅)စီး ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်ရှိအချိန်အထိ ပြည်တွင်းသို့ လျှပ်စစ်ကားအစီးရေ(၁၅ဝ)ကျော် ရောက်ရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး EV Charging Station ကို နေပြည်တော်ရှိ သပြေကုန်းစျေးတွင် မတ်လ(၄)ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီး EV တက္ကစီ(၁ဝ)စီး စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်- မန္တလေး အမြန်လမ်းနှင့် မန္တလေးတို့တွင် EV Charging Station များကို ယခုလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးက ပြောဆိုထားသည်။
zawgyi version
ျမန္မာႏိုင္ငံသို႔ EV ကား အစီးေရ (၁၅ဝ)ထက္မနည္း ေရာက္ရွိထားၿပီး charging station မ်ားလည္း ယခုလအတြင္း ေပၚထြက္လာဖြယ္ရွိေန
ယြန္း (NP News) - မတ္ ၁၃
လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ အစီး(၅ဝ)ေက်ာ္ ရန္ကုန္ဆိပ္ကမ္းသို႔ ထပ္မံေရာက္ရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ယေန႔(မတ္လ ၁၃ ရက္) တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အမ်ိဳးသားအဆင့္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ ဆက္စပ္လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ၏ ခြင့္ျပဳခ်က္အရ Essential Motor Co., Ltd. မွ တင္သြင္းလာေသာ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္ (၁၅) စီးႏွင့္ Grand SiriusCo.,Ltd. မွ တင္သြင္းလာေသာ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္ (၃၈) စီး၊ စုစုေပါင္း လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္ (၅၃) စီးသည္ ရန္ကုန္ဆိပ္ကမ္းသို႔ ေရာက္ရွိလာခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ မတ္လ(၁၁)ရက္က လုပ္ထုံးလုပ္နည္းႏွင့္အညီ ထုတ္ယူခြင့္ျပဳခဲ့ၿပီး အဆိုပါ လွ်ပ္ စစ္ကားမ်ား တင္သြင္းမႈအတြက္ အေကာက္ခြန္ကင္းလြတ္ခြင့္ ျပဳထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဆိုထားသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း တ႐ုတ္ႏိုင္ငံမွ တင္သြင္းသည့္ လွ်ပ္စစ္ကား(၄၉)စီးသည္ မူဆယ္ (၁ဝ၅)မိုင္ ကုန္သြယ္ေရးဇုန္ႏွင့္ ထီးတန္းဆိပ္ကမ္းမ်ားသို႔ေရာက္ရွိခဲ့ၿပီး လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ထုတ္ယူခြင့္ျပဳခဲ့သည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလအတြင္းက ျမန္မာႏိုင္ငံသို႔ လွ်ပ္စစ္ကား အစီးေရ(၄ဝ)ေက်ာ္ ပထမဆုံးအႀကိမ္ေရာက္ရွိခဲ့ၿပီး ေဖေဖာ္ဝါရီလအတြင္းကလည္း အစီးေရ (၂၅)စီး ထပ္မံေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ ျပည္တြင္းသို႔ လွ်ပ္စစ္ကားအစီးေရ(၁၅ဝ)ေက်ာ္ ေရာက္ရွိထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ စာရင္းအခ်က္အလက္မ်ားအရ သိရသည္။
ျမန္မာႏိုင္ငံ၏ ပထမဆုံး EV Charging Station ကို ေနျပည္ေတာ္ရွိ သေျပကုန္းေစ်းတြင္ မတ္လ(၄)ရက္က ဖြင့္လွစ္ႏိုင္ခဲ့ၿပီး EV တကၠစီ(၁ဝ)စီး စတင္ေျပးဆြဲေနၿပီျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္- မႏၲေလး အျမန္လမ္းႏွင့္ မႏၲေလးတို႔တြင္ EV Charging Station မ်ားကို ယခုလအတြင္း အၿပီးတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းက ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ဒုဝန္ႀကီးက ေျပာဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအမျိုးသမီးရဲ့အချစ်ကိုငြင်းပယ်ခံရတဲ့အတွက် ကတ်ကြေးနဲ့တိုက်ခိုက်ခဲ့တဲ့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရ
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ