Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်းအမျိုးသမီးရဲ့အချစ်ကိုငြင်းပယ်ခံရတဲ့အတွက် ကတ်ကြေးနဲ့တိုက်ခိုက်ခဲ့တဲ့ မြန်မာနိုင်ငံသား ဖမ်းဆီးခံရ

ဂျန်ဇက် (NP News) - မတ် ၁၃

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ ၎င်းချစ်ကြိုက်နေတဲ့ ထိုင်းအမျိုးသမီးရဲ့အချစ်ကို ငြင်းပယ်ခံရတဲ့အတွက် ထိုင်းနိုင်ငံသား လေးဦးကို ကတ်ကြေးနဲ့ တိုက်ခိုက်ခဲ့ရာ မတ်လ ၁၂ ရက်၊ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အောင်ထွေးနိုင်ဟာ ၄င်း ကတ်ကြေးနဲ့ တိုက်ခိုက်ခဲ့သူ ထိုင်းနိုင်ငံသား လေးဦးနဲ့အတူ Koh Pha Ngan ဒေသအဝတ်လျှော်ဆိုင်မှာ အလုပ်အတူ လုပ်နေသူများဖြစ်ကြောင်း၊ ၎င်းဟာ အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီး Sukanya ဆူကန်ယာကို ချစ်ကြိုက်နေခဲ့ကြောင်း သိရပါတယ်။

အောင်ထွေးနိုင်ဟာ ဆူကန်ယာကို ချစ်ကြိုက်နေတဲ့အတွက် လက်ဆောင်များနဲ့ လိုအပ်တဲ့ပစ္စည်းများ ဝယ်ယူပေး လေ့ရှိကြောင်း၊ ဒါပေမယ့်လည်း ထိုင်းအမျိုးသမီး ဆူကန်ယာဟာ အောင်ထွေးနိုင်ရဲ့အချစ်ကို လက်ခံခြင်းမရှိဘဲ ငြင်းပယ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အောင်ထွေးနိုင်ဟာ မတ်လ ၁၁ ရက်၊ နေ့လည်ပိုင်းမှာ သူချစ်ကြိုက်နေတဲ့ ထိုင်းအမျိုးသမီး ဆူကန်ယာကို အဝတ် လျှော်ဆိုင်ထဲမှာ ကတ်ကြေးနဲ့ ထိုးခဲ့ပြီး ထိုင်းအမျိုးသမီးက အကူအညီရဖို့ ထွက်ပြေးချိန်မှာ နောက်က ကတ်ကြေးနဲ့ လိုက်ထိုးခဲ့တဲ့အပြင် ဆူကန်ယာရဲ့သူငယ်ချင်းတွေဖြစ်တဲ့ အခြားထိုင်းနိုင်ငံသားနှစ်ဦးနဲ့ ထိုင်းအမျိုးသမီးတစ်ဦး ဟာလည်း ကတ်ကြေးနဲ့ ထိုးခဲ့ကြောင်း သိရပါတယ်။ 

ကတ်ကြေးနဲ့ အထိုးခံရသူတွေဟာ ပြင်းထန်တဲ့ ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတင်ပို့ထားရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ အောင်ထွေးနိုင်ဟာ ကတ်ကြေးနဲ့ထိုးပြီးနောက် ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ရာ နာရီပေါင်း ၃ဝ ကျော်ကြာ ရှာဖွေခဲ့ပြီးနောက် တွေ့ရှိခဲ့ခြင်းမရှိကြောင်း၊ အောင်ထွေးနိုင်ဟာ တောထဲထွက်ပြေးခဲ့ပြီး ကြီးမားတဲ့ ကျောက်တုံး များနောက်မှာ ပုန်းအောင်းနေခဲ့ပြီး ဖမ်ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version; 

ထိုင္းအမ်ိဳးသမီးရဲ႕အခ်စ္ကိုျငင္းပယ္ခံရတဲ့အတြက္ ကတ္ေၾကးနဲ႔တိုက္ခိုက္ခဲ့တဲ့ ျမန္မာႏိုင္ငံသား ဖမ္းဆီးခံရ

ဂ်န္ဇက္ (NP News) - မတ္ ၁၃

ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံသားတစ္ဦးဟာ ၎ခ်စ္ႀကိဳက္ေနတဲ့ ထိုင္းအမ်ိဳးသမီးရဲ႕အခ်စ္ကို ျငင္းပယ္ခံရတဲ့အတြက္ ထိုင္းႏိုင္ငံသား ေလးဦးကို ကတ္ေၾကးနဲ႔ တိုက္ခိုက္ခဲ့ရာ မတ္လ ၁၂ ရက္၊ ညေနပိုင္းက ဖမ္းဆီးမိခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသား ေအာင္ေထြးႏိုင္ဟာ ၄င္း ကတ္ေၾကးနဲ႔ တိုက္ခိုက္ခဲ့သူ ထိုင္းႏိုင္ငံသား ေလးဦးနဲ႔အတူ Koh Pha Ngan ေဒသအဝတ္ေလွ်ာ္ဆိုင္မွာ အလုပ္အတူ လုပ္ေနသူမ်ားျဖစ္ေၾကာင္း၊ ၎ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ ထိုင္းအမ်ိဳးသမီး Sukanya ဆူကန္ယာကို ခ်စ္ႀကိဳက္ေနခဲ့ေၾကာင္း သိရပါတယ္။

ေအာင္ေထြးႏိုင္ဟာ ဆူကန္ယာကို ခ်စ္ႀကိဳက္ေနတဲ့အတြက္ လက္ေဆာင္မ်ားနဲ႔ လိုအပ္တဲ့ပစၥည္းမ်ား ဝယ္ယူေပး ေလ့ရွိေၾကာင္း၊ ဒါေပမယ့္လည္း ထိုင္းအမ်ိဳးသမီး ဆူကန္ယာဟာ ေအာင္ေထြးႏိုင္ရဲ႕အခ်စ္ကို လက္ခံျခင္းမရွိဘဲ ျငင္းပယ္ခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေအာင္ေထြးႏိုင္ဟာ မတ္လ ၁၁ ရက္၊ ေန႔လည္ပိုင္းမွာ သူခ်စ္ႀကိဳက္ေနတဲ့ ထိုင္းအမ်ိဳးသမီး ဆူကန္ယာကို အဝတ္ ေလွ်ာ္ဆိုင္ထဲမွာ ကတ္ေၾကးနဲ႔ ထိုးခဲ့ၿပီး ထိုင္းအမ်ိဳးသမီးက အကူအညီရဖို႔ ထြက္ေျပးခ်ိန္မွာ ေနာက္က ကတ္ေၾကးနဲ႔ လိုက္ထိုးခဲ့တဲ့အျပင္ ဆူကန္ယာရဲ႕သူငယ္ခ်င္းေတြျဖစ္တဲ့ အျခားထိုင္းႏိုင္ငံသားႏွစ္ဦးနဲ႔ ထိုင္းအမ်ိဳးသမီးတစ္ဦး ဟာလည္း ကတ္ေၾကးနဲ႔ ထိုးခဲ့ေၾကာင္း သိရပါတယ္။ 

ကတ္ေၾကးနဲ႔ အထိုးခံရသူေတြဟာ ျပင္းထန္တဲ့ ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဆး႐ုံတင္ပို႔ထားရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။ ေအာင္ေထြးႏိုင္ဟာ ကတ္ေၾကးနဲ႔ထိုးၿပီးေနာက္ ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ရာ နာရီေပါင္း ၃ဝ ေက်ာ္ၾကာ ရွာေဖြခဲ့ၿပီးေနာက္ ေတြ႕ရွိခဲ့ျခင္းမရွိေၾကာင္း၊ ေအာင္ေထြးႏိုင္ဟာ ေတာထဲထြက္ေျပးခဲ့ၿပီး ႀကီးမားတဲ့ ေက်ာက္တုံး မ်ားေနာက္မွာ ပုန္းေအာင္းေနခဲ့ၿပီး ဖမ္ဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံရှိ လူပေါင်း ၁ ဒသမ ၄ သန်းကျော်မှာ လေထုညစ်ညမ်းမှုနဲ့ပတ်သက်တဲ့ ရောဂါများကို တွေ့ကြုံခံစားနေရ ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved