သထုံမြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျတိမ်းမှောက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁ဝ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆီသယ်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သထုံမြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့ (ဒီဇင်ဘာ ၁ဝ ရက်)၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာအနီး၊ သင်းထော်ကွေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆီဘောက်ဆာကားက သင်းထော်အကွေ့မှာ ဘရိတ်ပေါက်သွားတာ။ အဲဒီအချိန်မှာ ရှေ့က ဆိုင်ကယ်ကို ရှောင်ရင်းနဲ့ အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းဘေးထိုးကျပြီး မှောက်သွားတာပါ” ဟု သထုံမြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဆီသယ်ယာဉ်တိမ်းမှောက်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဆီသယ်ယာဉ်ထိခိုက်ပျက်စီးသွားခဲ့ပြီး လောင်စာဆီ အနည်းငယ် ယိုဖိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လူထိခိုက်မှု မရှိခဲ့ပါဘူး။ ကားပဲပျက်စီးသွားတာပါ။ ကားခေါင်းပိုင်းရယ်နဲ့ အင်ဂျင်ပဲနည်းနည်းပျက်စီးသွားတာပါ။ ဆီဘောက်ဆာတော့ ပျက်စီးတာမရှိပါဘူး။ နည်းနည်း ယိုဖိတ်တာလောက်တော့ ရှိတာပေါ့နော်။ ကျွန်တော်တို့လဲ လိုအပ်တာတွေ အကုန်လုပ်ပေးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အလားတူ ယမန်နေ့(ဒီဇင်ဘာ ၉ ရက်) တွင်လည်း ပဲခူးမြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်နှင့် ကျောက်ဆည်မြို့ရှောင် လမ်းတွင် ဆီသယ်ယာဉ်မီးလောင်ဆုံးရှုံးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။
လက်ရှိတွင် ရန်ကုန်မြို့ အပါအဝင် ပြည်နယ်နှင့် တိုင်းများရှိမြို့ကြီးများ၌ စက်သုံးဆီပြတ်လပ်မှုအခက်အခဲများ နှင့် ရင်ဆိုင်နေရလျက်ရှိပြီး ၎င်းအခက်အခဲများကိုဖြေရှင်းရန်အတွက် ဆီသယ်ယာဥ်များဖြင့် စက်သုံးဆီသယ်ယူပို့ဆောင်ရာတွင် တိမ်းမှောက်မှုဖြစ်စဉ်များရှိနေသည့်အတွက် သတိပြုမောင်းနှင်ပို့ဆောင်ရန်လည်း အကြံပြုမှုများ ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ့်ဖတ်ကာကျေးရွာ၌ အသက် (၅၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ