နမ့်ဖတ်ကာကျေးရွာ၌ အသက် (၅၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရ
စော (NSS) - ဒီဇင်ဘာ ၁ဝ
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၌ အသက် (၅၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသားသည် ယနေ့(ဒီဇင်ဘာ ၁ဝ ရက်) နံနက် (၇)နာရီဝန်းကျင်အချိန်တွင် နမ့်ဖတ်ကာကျေးရွာ၊ ရပ်ကွက် (၂)၌ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း မေတ္တာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“နင်းမိတဲ့လူက ဘိန်းစားတစ်ယောက်လို့သိရတယ်။ စခန်းကုန်းနဲ့ မနီးမဝေးမှာရှိတဲ့ ချုံပုတ်ထဲမှာ တဲလိုလို အိမ်လိုလို လုပ်ထားပါတယ်။ အဲဒီမှာ တက်လိုက်ဆင်းလိုက်လုပ်နေတာ။ ဒီနေ့မနက်မှ မိုင်းထိသွားတာပေါ့” ဟု မေတ္တာရှင်လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၅၃)နှစ်အရွယ်ရှိ ဦးအိုက်ထွန်းဖြစ်ပြီး ညာဘက်ခြေထောက်တွင် မိုင်းစ ထိမှတ် ဒဏ်ရာရသွားကြောင်း သိရသည်။
လက်ရှိတွင် ဦးအိုက်ထွန်းသည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ၎င်းအား ကွတ်ခိုင်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်အပ်နှံခြင်းဆိုင်ရာအမိန့်များကို ရေးဆွဲထားပြီးဖြစ်ကြောင်း စီး/ကူးဝန်ကြီး ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ