Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာဒေသတောင်ပိုင်းရှိ ခန်ယူနစ်မြို့မှာ နေထိုင်နေတဲ့ဒေသခံတွေကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးဖို့ အစ္စရေးအစိုးရ တိုက်တွန်းတောင်းဆို

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁ဝ

အစ္စရေးအစိုးရဟာ ဂါဇာဒေသတောင်ပိုင်းရဲ့အဓိကမြို့တစ်မြို့ဖြစ်တဲ့ ခန်ယူနစ်မြို့မှာ နေထိုင်နေတဲ့အရပ်သားတွေကို ဘေးလွှတ်ရာကိုပြောင်းရွှေ့ဖို့ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဂါဇာဒေသ အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့ပြီးနောက် အစ္စရေးက အခုလိုမျိုး တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။


အစ္စရေးစစ်တပ်အနေနဲ့ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲချိန်အတွင်း လက်ရှိအချိန်အထိ ဟားမက်စ်လက်နက် ကိုင်အဖွဲ့တပ်မှူးတွေ အပါအဝင် ဟားမက်စ်အဖွဲ့ဝင်ပေါင်း ၇ဝဝဝ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေးအရာရှိဖြစ်သူ Tzachi Hanegbi က ပြောပါတယ်။

အစ္စရေးစစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဟာလီဗီကလည်း ဂါဇာဒေသကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ပိုမို အရှိန်မြင့်တိုက်ခိုက်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူအနည်းဆုံး ၁၇၇ဝဝ ဦး သေဆုံးခဲ့ပြီး သေဆုံးသူတွေရဲ့ ၄ဝ ရာခိုင်နှုန်းက အသက် ၁၈ နှစ်အောက်ဖြစ်ကြောင်း ပြောပါတယ်။

ခန်ယူနစ်မြို့မှာ နေထိုင်နေတဲ့သူတွေဟာ ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးဖို့ တောင်းဆိုထားကြောင်း၊ စစ်ဆင်ရေး ထပ်မံလုပ်ဆောင်မှာဖြစ်တဲ့အတွက် ထပ်မံပြီးနေရပ်စွန့်ခွာရွှေ့ပြောင်းပေးဖို့ တောင်းဆိုချက်တွေ ထပ်မံဖြစ်လာမှာ ကို စိုးရိမ်မိကြောင်း ပါလက်စတိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေးဟာ ဒီဇင်ဘာလအစောပိုင်းမှာ ရပ်တန့်သွားခဲ့ပြီးနောက် ဂါဇာဒေသကို တစ်ကျော့ပြန်တိုက်ခိုက်ခဲ့ရာ သေဆုံးသူအရေအတွက် မြင့်တက်လာနေကြောင်း သိရပါတယ်။

ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်ရဲ့တောင်းဆိုချက်တွေအရ ဒီဇင်ဘာ ၈ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ရာ အမေရိကန်အစိုးရက ဗီတိုအာဏာသုံး ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စက်သုံးဆီများကို လိုအပ်မှုထက် ပိုမိုဝယ်ယူကာ တရားမဝင်သိုလှောင်ရောင်းချပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း နစက သတိပေး

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved