Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်သုံးဆီများကို လိုအပ်မှုထက် ပိုမိုဝယ်ယူကာ တရားမဝင်သိုလှောင်ရောင်းချပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း နစက သတိပေး

ယွန်း (NSS) - ဒီဇင်ဘာ ၁ဝ

စက်သုံးဆီများကို လိုအပ်မှုထက် ပိုမိုဝယ်ယူကာ တရားမဝင်သိုလှောင်ရောင်းချပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း နစကမှ အသိပေးပြောထားသည်။

နစက၏ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်) တွင် မီဒီယာများမှတစ်ဆင့် အထက်ပါကဲ့သို့ အသိပေးပြောထားခြင်းဖြစ်သည်။

စက်သုံးဆီပြတ်လပ်တော့မည်ဆိုသည့် ကောလဟာလသတင်းများနှင့် မမှန်ကန်သည့်သတင်းများကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ကျော်လွန်ဝယ်ယူနေကြပြီး စက်သုံးဆီဆိုင်များတွင် တန်းစီဝယ်ယူမှုများဖြစ်နေ‌ပေါ်ရကြောင်း ဦးသန်းဇော်က သုံးသပ်ပြောကြားထားသည်။

ထို့ပြင် CNG Taxi များအနေဖြင့်လည်း စက်သုံးဆီမလိုအပ်သော်လည်း အခြားနည်းအသုံးပြုရန် ဝယ်ယူမှုများရှိနေကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ အရ “မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း (သို့မဟုတ်) ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရယူခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက် ခြင်းမပြုရ” ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့ပြောကြားချင်တာက စက်သုံးဆီတွေကို လိုအပ်တာထက်ပိုမိုဝယ်ယူပြီး တရားမဝင်သိုလှောင် ထားတာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာ၊ အခေါက်ခေါက် တန်းစီဝယ်ယူတာမျိုး မပြုကြဖို့နဲ့ မိမိတို့လိုအပ် သလောက်ကိုသာ စိတ်အေးချမ်းသာစွာ ဝယ်ယူ သုံးစွဲကြပါလို့ ပြောလိုပါတယ်။ ဒီလို တရားမဝင်သိုလှောင်ထား တာ၊ တစ်ဆင့်ပြန်လည်ရောင်းချတာတွေက ဥပဒေနဲ့မညီတဲ့အပြင် မီးဘေးအန္တရာယ်အတွက်လည်း အင်မတန် စိုးရိမ်စရာဖြစ်တဲ့အတွက် မိမိအကျိုးစီးပွားကြောင့် အများပြည်သူထိခိုက်နစ်နာမှာကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလို ပါတယ်” ဟု  ဦးသန်းဇော်က အကြံပြုပြောထားသည်။

အဆိုပါဥပဒေအရ စက်သုံးဆီများကို လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ စစ်ဆေး တွေ့ရှိပါက အနည်းဆုံးဒဏ် ငွေကျပ် သုံးသိန်းမှ အများဆုံးဒဏ်ငွေကျပ်သိန်း (၅ဝ)အထိ ငွေဒဏ်ဖြစ်စေ၊ တစ်နှစ် ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ပြစ်ဒဏ်အပြင် ပြစ်ဒဏ်နှစ်ရပ်လုံး စီရင်ခံရမည့်အပြင် ပြစ်မှုကျူးလွန်ခြင်း နှင့် သက်ဆိုင်သည့်ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရနိုင်ကြောင်း ၎င်းက ဆက်လက်ပြော သည်။


ထို့ကြောင့် စက်သုံးဆီများကို လိုင်စင်မဲ့ရောင်းချခြင်း၊ နေအိမ်၊ ခြံဝင်းများအပြင် မည်သည့်နေရာတွင်မဆို လိုင်စင်မဲ့ ‌ရောင်းချခြင်းများကို စစ်ဆေးကြပ်မတ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတိပေးထားသည်။

လက်ရှိတွင် လူမှုကွန်ယက်စာမျက်နှာများ၌ စက်သုံးဆီများနှင့်ပတ်သက်၍ တစ်လီတာလျှင် ငွေကျပ်(၄ဝဝဝ)မှ (၅ဝဝဝ) ကျပ်နှုန်းဖြင့် ဂါလံပေါင်းထောင်နှင့်ချီကာ ရေးသားရောင်းချနေမှုများကို တွေ့ရသည့်အပြင် စက်သုံးဆီ မှောင်ခိုဈေးကွက်များလည်း ဖြစ်ပေါ်လာနေကြောင်း တွေ့ရှိရသည်။

“မနက်အစောကြီးထဲက ဆီရဖို့ကိုလာစောင့်နေရတာ။ တန်းစီရတာအကြာကြီးပဲ။ ကားတွေလည်း‌တော်တော်များ တယ်။ ကြားထဲမှာ ဆီကုန်သွားလို့ နောက်ထပ် ဆီဘောက်ဆာ ကားတစ်စီးကိုလည်း ထပ်စောင့်ရသေးတယ်။ အခုလိုအချိန်အများကြီးပေးပြီး တန်းစီစောင့်ရတာအဆင်တော့မပြေဘူးပေါ့” ဟု ရန်ကုန်မြို့ရှိ တက္ကစီယာဉ်မောင်း တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားအများအပြား တန်းစီစောင့်ဆိုင်းကာ စက်သုံးဆီ ဝယ်ယူနေရသည့်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နေလျက်ရှိသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် သတင်းများအား စုစည်းတင်ဆက်ခြင်း

RECENT POSTS
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved