ပင်လယ်နီဒေသမှာ ဟူသီလက်နက်ကိုင်အုပ်စုက ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေကို ပြင်သစ်ဖရီးဂိတ်သင်္ဘောက ပစ်ချဖျက်ဆီး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁ဝ
ပြင်သစ်ဖရီးဂိတ်သင်္ဘောဟာ ပင်လယ်နီဒေသမှာ ယီမင်နိုင်ငံဘက်ခြမ်းကနေ ပစ်လိုက်တဲ့ ဒရုန်းနှစ်စင်းကို ဒီဇင်ဘာ ၈ ရက်က ပစ်ချခဲ့ကြောင်း သိရပါတယ်။
ယီမင်နိုင်ငံ ကမ်းရိုးတန်းပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ပင်လယ်နီဘက်ခြမ်းကို ဦးတည်ပျံသန်းလာခဲ့ပြီး ပစ်ချခဲ့ရ တယ်လို့ ပြင်သစ်စစ်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ပြင်သစ်စစ်ဘက်က "ပင်လယ်နီဒေသအတွင်းမှာ ရှိနေတဲ့ Languedoc အမည်ရှိ ဖရီးဂိတ်သင်္ဘောဟာ ဒရုန်းတွေရဲ့ခြိမ်းခြောက်မှုတွေကိုရှာဖွေတွေ့ရှိခဲ့ပြီး ဖျက်ဆီး နိုင်ခဲ့တယ်" လို့ ပြောပါတယ်။
ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အုပ်စုက ဂါဇာဒေသကို အစားစာ နဲ့ ဆေးဝါးများ ကူညီထောက်ပံ့ပေးခွင့် မရဘူးဆိုရင်တော့ အစ္စရေးဆိပ်ကမ်းတွေကို ဦးတည်မောင်းနှင်မယ့် သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ထပ်မံခြိမ်းခြောက်ခဲ့ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ နိုဝင်ဘာလအစောပိုင်းကတည်းက ပင်လယ်နီဒေသအတွင်းဖြတ်သန်းတဲ့ အစ္စရေးပိုင် စစ်သင်္ဘောတွေကို တိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဟူသီလက်နက်ကိုင်အုပ်စုက "ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးပိုင်နက်ထဲကို ဦးတည် သွားလာ မယ့်သင်္ဘောတွေကို တားဆီးသွားမယ်။ အစ္စရေးဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပေးခွင့် မပြုဘူးဆိုရင်တော့ အစ္စရေးပိုင်နက်ထဲကို ဦးတည်မယ့်သင်္ဘောတွေကို တားဆီးသွားမယ်" လို့ ပြောပါတယ်။
အမေရိကန်ဖျက်သင်္ဘောတွေဟာလည်း ပင်လယ်နီဒေသမှာ ဖြတ်သန်းမောင်းနှင်နေတဲ့သင်္ဘောတွေကို ဟူသီ လက်နက်ကိုင်အုပ်စုက တိုက်ခိုက်ခြင်းကိုကာကွယ်ပေးနိုင်ခဲ့ပြီး ဟူသီလက်နက်ကိုင်အုပ်စုရဲ့ဒရုန်းသုံးစင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသတောင်ပိုင်းရှိ ခန်ယူနစ်မြို့မှာ နေထိုင်နေတဲ့ဒေသခံတွေကို ဘေးလွှတ်ရာကိုရွှေ့ပြောင်းပေးဖို့ အစ္စရေးအစိုးရ တိုက်တွန်းတောင်းဆို
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ