ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရပ်ထားသည့်ခရီးသည်တင်ကားအား (၆)ဘီးကားမှ အရှိန်လွန်ဝင်တိုက်မိခဲ့ရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁ဝ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရပ်ထားသည့်ခရီးသည်တင်ကားအား (၆)ဘီး ကားမှ အရှိန်လွန်ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာ ၁ဝ ရက်)၊ နံနက် ၂ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၉၇/၁ ဖာလုံ နှင့် ၂ ဖာလုံအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ Nissan အမျိုးအစား (၆) ဘီးကားက လမ်းဘေးမှာ ကားပြတ်လို့ရပ်ထားတဲ့ ခရီးသည်တင်ကားကို နောက်ကနေ အရှိန်လွန်ပြီး ဝင်တိုက်မိတာပါ” ဟု မြို့ချောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် (၆)ဘီးကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် ယာဉ်မောင်း အမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက်အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိ ခဲ့ကြောင်း သိရသည်။
“(၆) ဘီးကားက ခရီးသည်တင်ကားရဲ့နောက်ပိုင်းထဲကို ဝင်သွားတာ။ (၆)ဘီးကား ယာဉ်မောင်းနဲ့ စပယ်ယာက ကားခေါင်းထဲညှပ်နေလို့ ဆွဲထုတ်ရတယ်။ ယာဉ်မောင်းကတော့ ပွဲချင်းပြီး ဆုံးတယ်။ စပယ်ယာကတော့ ဒဏ်ရာ တွေ ရထားလို့ ဆေးရုံပို့လိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာရရှိသူ အမျိုသား(၂)ဦးအား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်စွာ အရေးယူမည်ဟု ဒုတပ်ချုပ်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ