နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်စွာ အရေးယူမည်ဟု ဒုတပ်ချုပ်ပြော
စော (NSS) - ဒီဇင်ဘာ ၁ဝ
နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
၎င်းက ယမန်နေ့(ဒီဇင်ဘာ ၉ ရက်) တွင် နေပြည်တော်၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိက အဟန့်အတားတစ်ခုဖြစ်ပြီး လူတစ်ယောက်၏ အကျင့်စာရိတ္တကို ပျက်ပြားစေကာ မျှတသည့် ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည်ကိုယ်သွေးများကို လည်း ကျဆင်းစေကြောင်း ဒုတပ်ချုပ်က ဆိုသည်။
ထို့ကြောင့် နိုင်ငံတော်၏ မူဝါဒများနှင့်ဆန့်ကျင်ပြီး ပုဂ္ဂိုလ်ရေးအကျိုးအမြတ် ရယူဆောင်ရွက်မှုများ၊ နိုင်ငံတော် က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို သွေဖည်ပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကျူးလွန် သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမိုးမြင့်ထွန်း နှင့် ဗိုလ်မှူးချုပ်ဟောင်း ရန်နောင်စိုးတို့ကို စစ်တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားသည်။
အလားတူ ရာထူးနှင့်လုပ်ပိုင်ခွင့်အား မလျော်ဩဇာသုံးမှုဖြင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးထွဋ်ကို စစ်တရားရုံး က ထောင်ဒဏ် (၅)နှစ် ပြစ်ဒဏ်ချမှတ်ထားသည်။
အဂတိလိုက်စားမှုနှင့်ပတ်သက်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်မှု နှင့် နိုင်ငံဘဏ္ဍာသို့ ပြည်လည်ပေးသွင်း နိုင်မှုအခြေအနေသည် မြန်မာငွေကျပ် ၂၃ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရှိခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆိုသည်။
ထို့ပြင် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုမရှိစေရေးအတွက် မြန်မာငွေကျပ် ၁၅၅ ဘီလျံကျော် နှင့် ယူရိုငွေ ၃သန်းကျော်ကို ကာကွယ်နိုင်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်ကို ကော်ဖီမြို့တော်အဖြစ် နာမည်တွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း