အမရပူရမြို့နယ်တွင် ဆိုင်ကယ်နောက်ဘီးအတွင်း သင်္ဃန်းဝင်သွား၍ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့
သန့်ဇင် (NSS) - ဒီဇင်ဘာ ၉
မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် သင်္ဃန်းစဆိုင်ကယ်နောက်ဘီးအတွင်းဝင်ရောက်သွားခဲ့၍ ဆိုင်ကယ်တိမ်းမှောက်ကာ သံဃာတော် တစ်ပါးပျံလွန်တော်မူခဲ့မှုဖြစ်ပွားခဲ့ကြောင်း မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းတည့် ၁၂နာရီအချိန်ခန့်တွင် အမရပူရမြို့နယ်၊ ရှမ်းလေးကျွန်းကျေးရွာအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သံဃာတော်က တစ်ပါးတည်းဆိုင်ကယ်မောင်းလာတာ။ အဲဒီမှာ သင်္ဃန်းစက ဆိုင်ကယ်နောက်ဘီးနဲ့ရစ်ပြီး ဆိုင်ကယ်မှောက်သွားတယ်။ မှောက်တဲ့အရှိန်နဲ့ ခေါင်းကိုထိပြီး မှောက်တဲ့နေရာမှာပဲပျံလွန်တော်မူသွားတာပါ”ဟု မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သက်တော်(၅၀)နှစ်ဝန်းကျင်ရှိ သံဃာတော်သည်ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
“ပျံလွန်တော်မူသွားတဲ့ သံဃာတော်က ဘယ်ကျောင်းတိုက်ကလည်း ဆိုတာမသိရသေးဘူး။ မိသားစုနဲ့လည်း အဆက်သွယ်မရသေးပါဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ပျံလွန်တော်မူသွားခဲ့သည့် သံဃာတော်အား မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွေရှိနေချိန်မှာပဲ တရုတ်သင်္ဘောတွေက ဖိလစ်ပိုင်လှေတွေကို မီးသတ်ပိုက်နဲ့ ထပ်မံထိုးပြီး မောင်းထုတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ