အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ
Pearl (NSS) - ဒီဇင်ဘာ ၉
အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကွန်ကရစ်တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်)၊ ည(၉)နာရီအချိန်ခန့်တွင် ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဘန့်ဘွေးကုန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘန့်ဘွေးကုန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ အရှည် ပေ (၄၀)၊ အကျယ် ပေ(၄၀)ဝန်းကျင်ရှိသော ကွန်ကရစ်တံတားတစ်စင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"အုတ်တွင်းမြို့နယ်နဲ့ ကျွဲပွဲမြို့ကြားမှာရှိတဲ့ ဘန့်ဘွေးကုန်းကျေးရွာမှာဖြစ်တာ။ ရွာရဲ့တောင်ဘက် ရန်ကုန်ဘက်သွားတဲ့ဘက်ပေါ့။ တံတားရဲ့ (၃)ချိုး (၁)ချိုးပဲ့ကျသွားတယ်။ (၂)ချိုးကတော့ သွားလာလို့ ရတယ်။ ဗုံးပေါက်တာ။ အသံတော်တော်ကျယ်တယ်။ ဖြစ်စဉ်နေရာနဲ့ (၆)မိုင်လောက်ဝေးတဲ့နေရာမှာတောင် အဆောက်အဦးတွေတုန်တယ်။ အရှိန်တော်တော်ပြင်းတယ်။ လူထိခိုက်တယ်တော့ မကြားမိဘူး"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါ တံတားအကျယ်၏ (၃)ချိုး(၁)ချိုးခန့် ပျက်စီးခဲ့သော်လည်း လူနှင့် မော်တော်ယာဉ်များ သွားလာ၍ ရသေးကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါတံတားအား ပြုပြင်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သောကာလများအတွင်းကလည်း KNU၊ PDF ပူးပေါင်းအဖွဲ့များသည် ပဲခူးတိုင်း ၊ ကျောက်ကြီး၊ နတ်သံကွင်းတကြောရှိ တံတားများကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသ စစ်ပွဲအဆုံးသတ်ရေးအတွက် လုံခြုံရေးကောင်စီရဲ့တောင်းဆိုချက်တွေကို အမေရိကန်အစိုးရ ဗီတိုအာဏာသုံးပယ်ချ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ