ဂါဇာဒေသ စစ်ပွဲအဆုံးသတ်ရေးအတွက် လုံခြုံရေးကောင်စီရဲ့တောင်းဆိုချက်တွေကို အမေရိကန်အစိုးရ ဗီတိုအာဏာသုံးပယ်ချ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၉
အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ရေး တောင်းဆို ချက်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေကို အမေရိကန်အစိုးရက ဗီတိုအာဏာသုံးပြီးငြင်းဆန်ပယ်ချလိုက်ကြောင်းသိရပါတယ်။
ဂါဇာဒေသစစ်ပွဲစတင်ခဲ့ပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်အပါအဝင် အာရပ်နိုင်ငံတွေဟာ အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်တွေရှိခဲ့ပေမယ့် အမေရိကန်အစိုးရက ဗီတိုအာဏာသုံးကာ ငြင်းပယ်ချခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ဟာ ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးကို ဒီဇင်ဘာလ ၈ ရက်က ဦးဆောင်ကျင်းပခဲ့ကြောင်းသိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ယူအေအီးသံမတ်ကြီးက "အမေရိကန်အစိုးရဟာ ဗီတိုအာဏာသုံးပယ်ချခဲ့တယ်။ အဲဒီအတွက် စိတ်ပျက်ရတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်အောင်အပစ်ခတ်ရပ်စဲရေးတောင်မလုပ်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိတယ်" လို့ ပြောပါတယ်။
ယူအေအီးနိုင်ငံဟာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးဆုံးဖြတ်ချက်မူကြမ်းကို ဦးဆောင်တဲ့နိုင်ငံတွေထဲပါဝင်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ဂါဇာဒေသ အပစ်ခတ်ရပ်စဲရေးတောင်းဆိုချက်တွေကို ပယ်ချခဲ့တဲ့အပြင် ဆုံးဖြတ်ချက်မူကြမ်းရေးဆွဲခဲ့တဲ့နိုင်ငံတွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရပါတယ်။ ဂူတာရက်စ်က ဟားမက်စ်အဖွဲ့ရဲ့ ရက်စက်မှုတွေနဲ့ပတ်သက်ပြီး ပါလက်စတိုင်းပြည်သူတွေကို စုပေါင်းအပြစ်ပေးခြင်းမျိုးတွေ မဖြစ်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲ ၂ လကျော်ကြာလာချိန်မှာ ပါလက်စတိုင်းပြည်သူ ၁၈၀၀၀ နီးပါးသေဆုံးထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားသောစစ်ကို တိုက်ပွဲဝင်နေခြင်းဖြစ်၍ မုချမသွေအောင်မြင်မည်ဟု နစက ပြောခွင့်ရဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း