တရားသောစစ်ကို တိုက်ပွဲဝင်နေခြင်းဖြစ်၍ မုချမသွေအောင်မြင်မည်ဟု နစက ပြောခွင့်ရဆို
ကျော် (NSS) - ဒီဇင်ဘာ ၉
တပ်မတော်သည် တရားသောစစ်ကို တိုက်ပွဲဝင်နေခြင်းဖြစ်၍ မုချမသွေအောင်မြင်မည်ဟု နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)က နိုင်ငံအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ မီဒီယာများအား ရှင်းလင်းဖြေကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နမ့်ခမ်း၊ တာမိုညဲ နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ နုံးဘူးဘက်တို့တွင် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ ရန်သူများအနေဖြင့် နမ့်ခမ်းစခန်းကိုတိုက်ခိုက်နေသည်မှာ တစ်လကျော်ရှိပြီဖြစ်ကြောင်း ၎င်းကပြောသည်။
"တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေး အချုပ်အခြာအာ ဏာ တည်တံ့ခိုင်မြဲရေးအတွက် တရားသောစစ်ကို တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားသောစစ်ပွဲသည် မုချမသွေအောင်မြင်မှာပါ"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် တပ်မတော်အနေဖြင့် သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများကိုဖြေရှင်းလျက်ရှိသော်လည်း ဆက်လက်ဆောင်ရွက်နေခြင်းများရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
"ဒီကောလာဟလသတင်းတွေ ထုတ်လွှင့်ရတဲ့ ရည်ရွယ်ချက်က ကြောက်ရွံ့မှုတွေ မျှော်လင့် ချက်တွေ ဒါတွေနဲ့ထုတ်လွှင့်တာ ဖြစ်ပါတယ်။ ဒီသတင်းတု၊ သတင်းမှားတွေနဲ့ ကောလာဟ လသတင်းတွေကို သတိပြုရပါမယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုသို့ သတင်းတု၊ သတင်းမှားများ၊ ကောလာဟလများထုတ်လွှင့်ခြင်းသည် ၎င်းတို့၏ အကြမ်းဖက် နည်းဗျူဟာဖြစ်ကာ ပြည်သူများအား ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ပြောသည်။
ယင်းသို့ ခြိမ်းခြောက်နေသည့် အဖွဲ့အစည်းများ၏ ဒီမိုကရေစီဆိုသည့် ကြွေးကြော်မှု၊ ပြောဆိုနေခြင်းများသည် ယုံကြည်စရာတစ်စက်မှမရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမရပူရမြို့နယ်တွင် ဆိုင်ကယ်နောက်ဘီးအတွင်း သင်္ဃန်းဝင်သွား၍ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း