ဘုရင့်နောင်တံတားပြုပြင်ရာတွင် အသုံးပြုမည့်ပစ္စည်းများအား ညအိပ်စောင့်ရသည့်အမျိုးသား (၂)ဦးကို (၁၂)ဘီးကားမှ ဝင်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားပြုပြင်ရာ၌ အသုံးပြုမည့်ပစ္စည်းများအား ညအိပ်စောင့်ရသည့် အမျိုးသား (၂)ဦးကို (၁၂)ဘီးကားကဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကရုဏာတွဲလက်လူမှုနာမှုကူညီရေးအသင်းထံမှ သိရသည်။
ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ ည ၂ နာရီအချိန်ခန့်တွင် လှိုင်သာယာမြိုနယ်၊ ဘုရင့်နောင်တံတားအဆင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“(၁၂)ဘီးကားက တံတားပေါ်ကဆင်းလာပြီး ဘလောက်တုံးတွေကိုဖြတ်တိုက်လာတာ။ ပြီးတော့မှ တံတားပြင်ဖို့ထားတဲ့ မီးစက်ကို ဝင်တိုက်တော့ မီးစက်နောက်မှာ အိပ်နေတဲ့ လူ(၂) ယောက်ပေါ်ကို မီးစက်ပိပြီး ဆုံးသွားတာပေါ့။ ဆုံးသွားတဲ့ လူ(၂)ယောက်က တံတားပြင်တဲ့အဖွဲ့ကပါ။ သူတို့က စက်ပစ္စည်းတွေကို ညအိပ်စောင့်နေကြတာပါ”ဟု ကရုဏာတွဲလက် လူမှုနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် သေဆုံးသူအမျိုးသား(၂)ဦးအနက် တစ်ဦးသည် အသက်(၁၈)နှစ်အရွယ်ရှိ လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးသည် အသက်(၂၂)နှစ်အရွယ်ခန့်ရှိ ဘုရင့်နောင်တံတားအောက်ပိုင်းရှိနေအိမ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
“သေဆုံးသူအမျိုးသား(၂)ဦးလုံးကတော့ ရန်ကုန်ကပါ။ တိုက်တဲ့ကားက ဧရာဝတီတိုင်းကလို့ သိရတယ်။ အမျိုးသား(၂)ယောက်တော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတာပါ။ ကျန်တာတွေတော့ မသိခဲ့ရဘူး သက်ဆိုင်ရာကဆက်လုပ်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား(၂)ဦးအား ဂရုဏာတွဲလက်လူမှုနာမှုကူညီရေးအသင်းမှ လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးကို တင့်ကားကျည်ဆံများရောင်းချရေး ခွင့်ပြုပေးဖို့ လွှတ်တော်ကို အမေရိကန်သမ္မတ တွန်းအားပေးတောင်းဆိုနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ