အစ္စရေးကို တင့်ကားကျည်ဆံများရောင်းချရေး ခွင့်ပြုပေးဖို့ လွှတ်တော်ကို အမေရိကန်သမ္မတ တွန်းအားပေးတောင်းဆိုနေ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၉
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကို တင့်ကားကျည်ဆံ ၄၅၀၀၀ ရောင်းချပေးနိုင်အောင် ခွင့်ပြုပေးဖို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကို တွန်းအားပေးနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံအတွက် ၁၂၀ မီလီမီတာ ကျည်ဆံများ ပြန်လည်ဖြည့် တင်းပေးနိုင်ဖို့ စီစဉ်နေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တန်ဖိုးရှိနေကြောင်းသိရပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အစ္စရေးနိုင်ငံကို တင့်ကားကျည်ဆံတွေရောင်းချပေးဖို့နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျိုစ့်ပေါလ်က "အမေရိကန်အစိုးရဟာ အစ္စရေးကို တင့်ကားကျည်ဆံတွေ ရောင်းချပေးဖို့တွန်းအားပေးနေတယ်။ လွှတ်တော်ကော်မတီဟာ အစ္စရေးကို ကျည်ဆံတွေ ရောင်းချပေးဖို့ ရက်ပေါင်း ၂၀ ကြာ ပြန်လည်သုံးသပ်သွားမယ်"လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်လွှတ်တော်အတွင်း အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အပြီးသတ်ဆုံး ဖြတ်ထားရခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ကျွန်တော်တို့ဟာ လွှတ်တော်ထံကနေ တရားဝင်ခွင့်ပြုချက်မရခင်အချိန်အထိ ရောင်းချပေးခြင်း၊ လွှဲပြောင်းပေးခြင်းနဲ့ပတ်သက်ပြီးအတည်ပြုလို့ရမှာမဟုတ်သေးဘူး"လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံကို ရောင်းချပေးမယ့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိ တင့်ကားကျည်ဆံများဟာ ယူကရိန်းနဲ့အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုထားတဲ့အမေရိကန်သမ္မတရဲ့တောင်းဆိုချက်တွေထဲမှာ မပါဝင်ကြောင်းသိရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းနဲ့ အစ္စရေးနိုင်ငံကို စစ်ရေးအကူညီပေးနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၁၀ ဘီလျံကျော်ကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းတောင်းဆိုထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄နာရီအတွင်း ထူးခြားသတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း