ရန်ကုန်မြို့၌ တာယာကွင်းအား မီးရှို့ဆန္ဒပြသူများကို လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီး
မြူနစ် (NSS) - ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၌ တာယာကွင်းအား မီးရှို့ဆန္ဒပြသူများကို လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ ည ၆ နာရီခွဲအချိန်ခန့်တွင် တာမွေမြို့နယ်၊ သီတာလမ်းထိပ်၌ လူငယ်အချို့က တာယာကွင်းအား မီးရှို့ဆန္ဒပြမှု ပြုလုပ်စဉ်အချိန်တွင် ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆန္ဒပြမှုဖြစ်စဉ်အတွင်း ပါဝင်သော လူ(၂)ဦးကို ပစ်ခတ်ဖမ်းဆီးထားသည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
“တာမွေက သတင်းရလို့ သွားဖမ်းတာ။ တာယာကွင်းမီးရှို့ပြီး ဆန္ဒပြဖို့လုပ်တာလေ။ အဲဒါကို လိုက်ဖမ်းတာ ထွက်ပြေးတော့ ပစ်ဖမ်းတာပေါ့။ ခြေထောက်တွေပဲ ထိတာပါ။ သေတဲ့သူ မရှိပါဘူး။ ပထမဆုံး နှစ်ယောက်မိတာပါ။ ပြီးတော့မှ ပုန်းနေတဲ့ နှစ်ယောက်ကို ထပ်မိတယ်။ အဲဒီမှာ လက်လုပ်ဗုံး နှစ်လုံးလည်း တွေ့ရှိခဲ့ပါတယ်” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
တာယာကွင်းမီးရှို့ဆန္ဒပြမှု ပစ်ခတ်ဖြိုခွင်းခံရမှုဖြစ်စဉ်တွင် လူငယ် (၂)ဦးသေဆုံးခဲ့ပြီး (၁၃)ဦး ဖမ်းဆီးခံခဲ့ရကြောင်းလည်း မီဒီယာအချို့က ရေးသားဖော်ပြမှုများ ရှိနေသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးအနည်းဆုံး ၁၄ ဦး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ