အီရတ်နိုင်ငံမြောက်ပိုင်းရှိ တက္ကသိုလ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးအနည်းဆုံး ၁၄ ဦး သေဆုံး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၉
အီရတ်နိုင်ငံ မြောက်ပိုင်း ကာဒစ်စတန်ပြည်နယ်ရှိ တက္ကသိုလ်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောပါတယ်။
Soran တက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့မီးလောင်မှုဟာ လျှပ်စစ်ဝါယာရှော့ဖြစ် ပွားမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ မီးသတ်သမားတွေဟာ တက္ကသိုလ်ကျောင်းသားများနေထိုင်နေတဲ့အဆောင်တွေနဲ့ ဝန်ထမ်းအိမ်ယာအဆောက် အဦးကို မီးအပြင်းအထန်လောင်ကျွမ်းမှုမဖြစ်အောင် ငြှိမ်းသတ်နေခဲ့ရကြောင်းသိရပါတယ်။ ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက မီး လောင်ကျွမ်းမှုကြောင့် အနည်းဆုံး ၁၄ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရခဲ့ကြောင်း ဆိုပါတယ်။
မီးဟာ တက္ကသိုလ်အဆောက်အဦးရဲ့ သုံးထပ်နဲ့လေးထပ်တို့ကို အပြင်းအ ထန်လောင်ကျွမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ မီးကို ပြန်လည်ထိန်းနိုင်ခဲ့ကြောင်း အီရတ်မီဒီယာတွေက ဖော်ပြထားပါတယ်။ ကာဒစ်စတန်ပြည်နယ် ဝန်ကြီး ချုပ် မာဆော်ဘာဇာနီကတော့ မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့အသေးစိတ်အခြေအနေများကို သိရှိနိုင်အောင် စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းတောင်းဆိုထားကြောင်းသိရပါတယ်။
အီရတ်မီးသတ်ဌာန တာဝန်ရှိသူများဟာ မီးလောင်ကျွမ်းမှုကြောင့်သေဆုံးသူများကို ကာဒစ်စတန်ပြည်နယ်ရှိဆေးရုံကို အမြန်ဆုံးတင်ပို့ခဲ့ကြောင်းသိရပါတယ်။ သေဆုံးသူ ၁၄ ဦးရှိတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့်သေဆုံးသူများထဲမှ အမျိုးသားအရေအတွက်၊ အမျိုးသမီးအရေအတွက်ကိုတော့ အတိအကျသတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အထည်ချုပ်စက်ရုံပေါင်း(၇၀၀)နီးပါးရှိခဲ့ရာမှ ကိုဗစ်ကပ်ရောဂါကြောင့် စက်ရုံပေါင်း(၁၀၀)ကျော် ရပ်နားခဲ့ရဟု စီး/ကူးဒုဝန်ကြီးဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ