စင်ကာပူမှာ MRT ရထားတံခါးကို အတင်းတွန်းဖွင့်နေတဲ့အမျိုးသမီး အများပြည်သူ အနှောက်အယှက် ဖြစ်စေမှုနဲ့ ဖမ်းဆီးခံရ
ရောင်နီ (NP News) - ဒီဇင်ဘာ ၉
စင်ကာပူမှာ MRT ရထားတံခါးတွေကို အတင်းတွန်းဖွင့်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတစ်ဦး အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမှုနဲ့ ဖမ်းဆီးတရားစွဲခံခဲ့ရပါတယ်။
အသက် ၄၇ နှစ်အရွယ် စင်္ကာပူနိုင်ငံသူ ဗန်နက်ဆာဝမ်ဇီချီဟာ အများသူငှာနှောင့်ယှက်မှု နှစ်ခုနဲ့ ဆန္ဒအလျောက် နာကျင်စေမှု အပါအဝင် စွဲချက်သုံးရပ်နဲ့ တရားစွဲခံခဲ့ရပါတယ်။ စွဲချက်အပြည့်အစုံကတော့ ဝမ် ဟာ နိုဝင်ဘာလ ၂၇ ရက်က Braddell MRT ဘူတာရုံမှာ ရထားတံခါးကို ဆွဲဖွင့်ပြီး ရထားပေါ်မှ ခရီးသည်အားလုံးကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့မှု၊ Ang Mo Kio MRT ဘူတာရုံမှာ ရထားတံခါး ဖွင့်ကာ အော်ဟစ် အနှောက်အယှက် ဖြစ်စေမှု၊ Ang Mo Kio ဘူတာမှာ လူတစ်ယောက်ကို ကန်ခဲ့မှုတို့နဲ့ တရားစွဲခံခဲ့ရတာပါ။
သယ်ယူပို့ဆောင်ရေးအော်ပရေတာ SMRT က အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ် ဆေးမှုများပြုလုပ်ဖို့ ရဲတပ်ဖွဲ့ကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြောကြားခဲ့ပါတယ်။
ဝမ် ကို စိတ်ကျန်းမာရေးအင်စတီကျု (IMH) မှာ ဆေးစစ်စေပြီး ဒီဇင်ဘာလ ၂၁ ရက်မှာမှ တရားရုံးကို ပြန်လည်ခေါ်ဆောင်မယ်လို့ သိရပါတယ်။ အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေမှု ပြစ်မှုထင်ရှားရင် ပစ်မှုကျူးလွန်သူကို ထောင်ဒဏ် သုံးလအထိဖြစ်စေ၊ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၉၆) သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒါ့ပြင် စိတ်ဆန္ဒအရ နာကျင်စေမှုများအတွက် ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ် စင်ကာပူဒေါ်လာ ၅၀၀၀ အထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီးရီးယား နှင့် အီရတ်တို့တွင် အမေရိကန်စစ်အခြေစိုက်စခန်းများ ၄၁ ကြိမ်စီ တိုက်ခိုက်ခံရဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ