ဆီးရီးယား နှင့် အီရတ်တို့တွင် အမေရိကန်စစ်အခြေစိုက်စခန်းများ ၄၁ ကြိမ်စီ တိုက်ခိုက်ခံရဟုဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၉
အမေရိကန်နိုင်ငံသားများ တိုက်ခိုက်ခံရမှုသည် အောက်တိုဘာလ ၁၇ ရက်နောက်ပိုင်းကတည်းက တဖြည်းဖြည်းမြင့်တက်လာနေပြီး အီရတ်နိုင်ငံတွင်အမေရိကန်စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရမှု ၄၁ ကြိမ်ရှိခဲ့ကာ ဆီးရီးယားနိုင်ငံတွင်လည်း အမေရိကန်စစ်အခြေစိုက်စခန်း ၄၁ ကြိမ် အထိရှိလာမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။
အီရတ်နိုင်ငံရှိ အမေရိကန်သံရုံးတစ်ခုသည် ပြီးခဲ့သောညပိုင်းက မော်တာများဖြင့် တိုက်ခိုက်ခံရပြီး သေဆုံးသူမရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ဒီဇင်ဘာလ ၈ ရက်ကလည်း အီရတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သော Al-Asad လေတပ်အခြေစိုက်စခန်းသည် တိုက်ခိုက်ခံရမှု နှစ်ကြိမ် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။ ဆီးရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သော Mission Support Site Euphrates ရှိတပ်ဖွဲ့ဝင်များသည်လည်း ဒီဇင်ဘာလ ၈ ရက်တွင်တိုက်ခိုက်ခံရပြီးယင်းတိုက်ခိုက်မှုသည် အောင်မြင်မှုမရခဲ့ကြောင်း အမေရိကန်စစ်ဘက်ကပြောသည်။
အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့များ စစ်ပွဲဖြစ်လာခဲ့ပြီး နောက် ပိုင်း မကြာမီအရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်သားများ၊ အမေရိကန်စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရမှု အရှိန်မြင့်တက်လာနေပြီး လက်တုံ့ပြန်မည်ဟု အမေရိကန်စစ်ဘက်က သတိပေးထားပြီးဖြစ်သည်။ ဂါဇာဒေသစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် စစ်ပွဲကို ကြိုတင်တားဆီးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင် သင်္ဘောများစေလွှတ်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်းရှိလက်နက်ကိုင်အဖွဲ့များ စိတ်ဆိုးဒေါသဖြစ်ခဲ့ရကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ တာယာကွင်းအား မီးရှို့ဆန္ဒပြသူများကို လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း