အမေရိကန်မှာ ရောင်စုံသံလိုက်ဘောလုံးအသေးတွေ မျိုချမိခြင်းကြောင့် သေဆုံးသူ ၇ ဦးထိရှိ
ရောင်နီ (NSS) - ဒီဇင်ဘာ ၉
အမေရိကန်မှာ ရောင်စုံ သံလိုက်ဘောလုံးငယ်လေးတွေကို မျိုချမိခြင်းနဲ့ ဆက်နွှယ် သေဆုံးသူ ၇ ဦးထိ ရှိလာခဲ့ပြီး အမေရိကန် စားသုံးသူ ကုန်ပစ္စည်း ဘေးကင်းရေးကော်မရှင်(CPSC )က အဆိုပါ သံလိုက်ဘောလုံးတွေအတွက် သတိပေးချက် အများအပြား ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ သံလိုက်တွေဟာ သေးငယ်တဲ့ အလုံးလေးတွေဖြစ်ပြီး စွမ်းအင်မြင့့်တာကြောင့် မျိုချတဲ့အခါ၊ ၎င်းတို့က အချင်းချင်း သို့မဟုတ် အစာခြေစနစ်အတွင်းရှိ အခြားသတ္တုတွေကို သံလိုက်ဓာတ်နဲ့ ဆွဲဆောင်ပြီး အူဖောက်ခြင်း၊ လိမ်ခြင်း၊ပိတ်ဆို့ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ သွေးဆိပ်သင့်ခြင်းတို့ ဖြစ်စေကာ အသတ်အန္တရာယ်ကို ထိခိုက်စေတယ်လို့ သိရပါတယ်။
ဒါကြောင့် CPSC က ကြာသပတေးနေ့(ဒီဇင်ဘာ ၇ ရက်) မှာ XpressGoods ကုမ္ပဏီကို ရောင်စုံသံလိုက် ဘောလုံးတွေ ပြန်လည်သိမ်းဆည်းစေခဲ့ပြီး ဝယ်ယူသူတွေကိုလည်း အဆိုပါ သံလိုက်တွေ အသုံးပြုခြင်း ချက်ချင်းရပ်တန့်ကာ ပြန်အမ်းငွေ အပြည့်အ၀နဲ့ စတိုးဆိုင်ကို ပြန်ပေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
CPSC က အခြားထုတ်လုပ်သူအားလုံးကိုလည်း သံလိုက်ဘောလုံးတွေ ပြန်သိမ်းဖို့ ဆက်သွယ်ခဲ့ပါတယ်။
လူကိုအန္တရာယ်ဖြစ်စေတဲ့ အဆိုပါ သံလိုက်ပုံစံဟာ ရောင်စုံဖြစ်ပြီး ပလပ်စတစ်အိတ် အကြည်ရောင်နဲ့ ရောင်းချလေ့ ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ MRT ရထားတံခါးကို အတင်းတွန်းဖွင့်နေတဲ့အမျိုးသမီး အများပြည်သူ အနှောက်အယှက် ဖြစ်စေမှုနဲ့ ဖမ်းဆီးခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ