Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနပြော

Pika (NSS) - ဒီဇင်ဘာ ၈ 

ထိုင်ဝမ်ကျွန်း နှင့် တရုတ်နိုင်ငံကို ပိုင်းခြားထားသော ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်လာသည့် တရုတ် မိုးပျံပူဖောင်းတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၈)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။


ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ဒီဇင်ဘာလ(၇)ရက် ည(၁၁)နာရီ (၅၂)မိနစ်မှာ  ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကိုဖြတ်ကျော်လာတဲ့ တရုတ်မိုးပျံပူဖောင်းတစ်လုံးကို Keelung မြို့ အနောက်တောင်ဘက် ရေမိုင်(၁ဝ၁)မိုင်မှာ တွေ့ရှိခဲ့ပါတယ်။ တရုတ်မိုးပျံပူဖောင်းဟာ အရှေ့ဘက်ကိုဦးတည်သွားပြီးတော့ (၁၂)နာရီ (၅၅)မိနစ်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်မိုးပျံပူဖောင်းသွားရာ လမ်းကြောင်းများကို ပြသသည့်ရုပ်ပုံ တစ်ခုကို ပြသခဲ့ကြောင်းလည်း သိရသည်။ အဆိုပါနေ့မတိုင်မီ ဒီဇင်ဘာလ(၆)ရက် ည(၇)နာရီ ၃ဝ မိနစ်အချိန်တွင် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်တိုက်လေယာဉ်(၇)စင်းကို တွေ့ရှိ ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။


ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က "တရုတ်တိုက်လေယာဉ်တွေဟာ စစ်သင်္ဘောတွေနဲ့အတူ ပူးတွဲတိုက်ခိုက်ရေး ကင်းလှည့်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကို ကျွန်တော်တို့ စောင့်ကြည့်မှုတွေလုပ်ဆောင်ခဲ့ပြီး လက်တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့အတွက် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေ ကိုလည်း အသင့်အနေအထားနဲ့ ပြင်ဆင်ထားခဲ့ပါတယ်" ဟု ပြောခဲ့သည်။ 

ထို့အပြင် ဒီဇင်ဘာလ(၆)ရက် နံနက်ပိုင်းတွင် တရုတ်တိုက်လေယာဉ်(၂၇)စင်းသည် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းကို  ထပ်မံဖြတ်ကျော်ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။ ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်နယ်မြေအဖြစ်သတ်မှတ်ထားသော တရုတ်သည်  ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေး နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို  ပြီးခဲ့သည့်နှစ်များအတွင်း ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်သို့ တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ် စေလွှတ်နေ သော်လည်း ညအချိန်တွင် တရုတ်တိုက်လေယာဉ်များ၏ လှုပ်ရှားမှုနှင့် မိုးပျံပူဖောင်း ပေါ်ထွက်လာခြင်းတို့မှာ ရှားပါးသည့်ကိစ္စတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းကို နောက်ထပ်အကူအညီများ ပေးပို့ပေးမည်ဆိုသည့် ကတိများမပေးနိုင်ကြောင်း အမေရိကန်အစိုးရ ထုတ်ဖော်ပြော

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved