အနောက်အုပ်စုဘဏ်လုပ်ငန်းများ ဩဇာလွှမ်းမိုးမှု အဆုံးသတ်တော့မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်ပြော
Pika (NSS) - ဒီဇင်ဘာ ၈
အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးစနစ်သည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအသစ်များကြောင့် ခေတ်နောက်ကျနေပြီဖြစ်ပြီး မကြာသေးမီကာလအတွင်း ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာနေရာအနေအထားကို ဆုံးရှုံးသွားနိုင်ကြောင်း ရုရှားသမ္မတပူတင်က ဒီဇင်ဘာလ(၇)ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတကာငွေပေးချေမှုများတွင် blockchain ကဲ့သို့သော ခေတ်မီနည်းပညာဖြေရှင်းချက်များကို ပိုမို တွင်ကျယ်စွာအသုံးပြုလာကြောင်း ပူတင်က ထောက်ပြပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင်ပြုလုပ်သော VTB ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပူတင်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။
ပူတင် က "ကျွမ်းကျင်သူတွေရဲ့အဆိုအရ နည်းပညာအသစ်တွေဟာ လာမယ့်နှစ်တွေအတွင်းမှာ အနောက်အုပ်စု ဘဏ်တွေရဲ့လက်ဝါးကြီးအုပ်ကြီးစိုးမှုတွေကို လျော့ကျသွားစေမယ့် လုပ်ငန်းစဉ်ကို ဦးတည်သွားပါလိမ့်မယ်။ လက်ရှိအချိန်မှာ တစ်ချို့ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ ကောင်းမွန်တဲ့အခြေအနေမှာရှိမနေဘူးဆိုတာကို ကျွန်တော်တို့ သတိပြုမိပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဆက်ဆံရေးများသည် ပြောင်းလဲနေပြီး ဂလိုဘယ်လိုက်ဇေးရှင်းလုပ်ငန်းစဉ်၏ ယခင်ပုံစံကို ဝင်ရိုးစုံပုံစံများဖြင့် အစားထိုးထားပြီဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုပြောခဲ့သည်။ လက်ရှိအချိန်တွင် ခေတ်နောက်ကျနေသော ဘဏ္ဍာရေးစနစ်များသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာသော နည်းပညာအသစ်များ၏ ခြိမ်းခြောက်မှုများကို ခံနေရပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထပ်မံပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံက ၎င်း၏ မိတ်ဖက်နိုင်ငံများအပေါ် အမြတ်ထုတ်နေကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ