Chipotle fast food စားသောက်ဆိုင်မှာ အလုပ်သမားကို အစားအသောက်ပန်းကန်လုံးနဲ့ ပစ်ပေါက်ခဲ့တဲ့ အမျိုးသမီး အလုပ်နဲ့ပြစ်ဒဏ်၂ လ ချမှတ်ခံရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၇
အမေရိကန်၊ Fast food စားသောက်ဆိုင် Chipotle မှာ အလုပ်သမားတစ်ဦးရဲ့မျက်နှာကို အစားအစာအပူထည့်ထား တဲ့ပန်းကန်လုံးနဲ့ပစ်ပေါက်ခဲ့တဲ့ အမျိုးသမီးတစ်ဦး fast food စားသောက်ဆိုင်အလုပ်နဲ့ပြစ်ဒဏ် နှစ်လ ချမှတ်ခံခဲ့ ရပါတယ်။
ဖြစ်ရပ်ဟာ စက်တင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမ်မလီရူဆဲလ် အမည်ရှိ Chipotle ဝန်ထမ်းအမျိုးသမီးကို ရိုဆီမာရီဟေနီ အမည်ရှိ စားသုံးသူ အမျိုးသမီးက အစားအသောက်ထည့်ထားတဲ့ ပန်းကန်နဲ့ ပစ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။
ဟေနီက ရာဇဝတ်မှုကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုး ပြည်နယ်၊ ပါမာမြို့ မြူနီစပယ်တရားရုံးမှာ တရားသူကြီး တီမိုသီဂီလီဂန်က သူမကို ရက် ၉ဝ ထောင်ဒဏ် (သို့မဟုတ်) fast food စားနပ်ရိက္ခာလုပ်ငန်းမှာ ရက် ၆ဝ အလုပ်လုပ်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
သူမက အမြန်စားနပ်ရိက္ခာလုပ်ငန်းမှာ အလုပ်လုပ်ပြီး ပစ်ဒဏ်ခံယူဖို့ ရွေးချယ်ခဲ့တာကြောင့် အလုပ်နဲ့ပြစ်ဒဏ် အပြင် ဒဏ်ငွေ ဒေါ်လာ ၂၅ဝ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာပြည်သူများ အကျိူးကျေးဇူးရှိစေမည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်ဟု အိန္ဒိယအစိုးရပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ