မြန်မာပြည်သူများ အကျိူးကျေးဇူးရှိစေမည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆက်လက် ကူညီထောက်ပံ့ပေးသွားမည်ဟု အိန္ဒိယအစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၇
အိန္ဒိယနိုင်ငံသည် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် နှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ လုပ်ဆောင်မည့်စီမံကိန်း အပါအဝင် ပြည်သူများတိုးတက်မည့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ပြောသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် Vinay Kwatra သည် နယူးဒေလီမြို့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက "အိန္ဒိယအစိုးရဟာ ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးသွားပါမယ်။ မြန်မာပြည်သူတွေ အကျိုးစီးပွားများအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်နဲ့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် များအရ နှစ်နိုင်ငံကြား ဆက်သွယ်နေတဲ့စီမံကိန်းတွေ အပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို လည်း ကူညီထောက်ပံ့ပေးမှု ဆက်လက်လုပ်ဆောင်သွားမယ်" ဟု ထုတ်ဖော်ပြောဆိုထားသည်။
ထို့အပြင် ၎င်းတို့သည် အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့် ရာဇဝတ်မှုများ အခြေအနေ၊ စီမံကိန်းများအခြေအနေ နှင့် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စတို့အပြင် အိန္ဒိယ-မြန်မာနယ်စပ်လုံခြုံရေး အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆီဆိုင်မြို့နယ်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်အိမ်ထောင်စု(၈၆ဝ) ကျော်အတွက် ဆန်အိတ်များထောက်ပံ့ပေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း