ခရီးသည်တင်ကားပေါ်တွင် ဆပ်ပြာခွက်များဖြင့် သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း(၂၀၀၀)နီးပါ တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီရမိ
သန့်ဇင် (NP News) - ဒီဇင်ဘာ ၇
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နှင့် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တို့တွင် ခရီးသည်တင်ကားပေါ်မှ ဆပ်ပြာခွက်များဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း(၂၀၀၀)နီးပါးတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ယမန်နေ့(ဒီဇင်ဘာလ ၆ ရက်)၊ နံနက် ၈ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ကျေးရွာအနီးတွင် မန္တလေးမြို့ဘက်မှ မတ္တရာမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီသည်တင်ကားအား ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကားပေါ်မှလိုက်ပါလာသည့် မစက်ညွန့်(ခ)မိချော(၃၇)နှစ်နှင့် မစုစုမာ(ခ)အငယ်မ(၂၀)နှစ်တို့ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ဆပ်ပြာခွက်များတွင် ထည့်လာသော ငွေကျပ်သိန်း(၁၁၀၀)တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၄ ဒသမ ၄ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးပေါင်ကျေးရွာအနီးတွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားပေါ်မှ ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါခရီးသည်တင်ကားအား ရပ်တန့်စစ်ဆေးခဲ့ရာ ကားပေါ်တွင်လိုက်ပါလာသော မယွန်းဝါ(ခ)မဝ(၄၁)နှစ် သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းရှိ ဆပ်ပြာခွက်များအတွင်း ထည့်လာသည့် ငွေကျပ်(၈၂၅)သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၃ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်လကျော်ကာလအတွင်း နစကမှ တရုတ်နိုင်ငံသား (၁၁၀၀၀) ကျော်ကို တရုတ်အစိုးရထံလွှဲပြောင်းပေးခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ