ရုရှားနှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့၏ ဆက်ဆံရေးက မကြုံစဖူးအဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို
Pika(NSS) - ဒီဇင်ဘာ ၇
ရုရှားနှင့် ဆော်ဒီအာရေးဗျနိုင်ငံကြား ဆက်ဆံရေးများသည် မကြုံစဖူးအဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောခဲ့သည်။ ရုရှားသမ္မတပူတင်သည် ဆော်ဒီအာရေးဗျနိုင်ငံ ရီယာ့ဒ်မြို့သို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆော်ဒီအာရေးဗျအိမ်ရှေ့စံမင်းသား Mohammed bin Salman သည် ဒီဇင်ဘာလ(၆)ရက်တွင် ဆော်ဒီအာရေးဗျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နှစ်နိုင်ငံကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများသည် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများကို ဖယ်ရှားရန်အတွက် အကူအညီဖြစ်စေခဲ့သည်ဟု Mohammed bin Salman က ပြောဆိုခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အိမ်ရှေ့စံမင်းသား Mohammed bin Salman က "ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာတို့ အကျိုးစီးပွားအတွက် ကျွန်တော်တို့အတူတူ အလုပ်တွဲလုပ်နေတယ်ဆိုတဲ့အချက်တွေကို မျှဝေခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ဆော်ဒီအာရေးဗျနိုင်ငံသို့လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သော အိမ်ရှေ့စံမင်းသား Mohammed bin Salman ကို ကျေးဇူးတင်မိကြောင်း ရုရှားသမ္မတပူတင်က ပြောခဲ့သည်။
ပူတင်က "ဆော်ဒီအာရေးဗျအိမ်ရှေ့စံမင်းသားလည်း ရုရှားနိုင်ငံ မော်စကိုမြို့ကို လာရောက်လည်ပတ်မယ်လို့ ကျွန်တော်အရင်တည်းက မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အစီအစဉ်က ပြောင်းလဲမှုတွေရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် လာမည့်တွေ့ဆုံဆွေးနွေးပွဲကို မော်စကိုမြို့တွင် ကျင်းပသင့်ကြောင်းနှင့် နှစ်နိုင်ငံစလုံးသည် နိုင်ငံရေး၊ စီးပွားရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနယ်ပယ်များတွင် ကောင်းမွန်ပြီးတည်ငြိမ်သည့် ဆက်ဆံရေး များရှိကြောင်း ပူတင်ကပြောခဲ့သည်။
ပူတင်က "ကျွန်တော်တို့ရဲ့ရင်းနှီးတဲ့မိတ်ဖက်ဆက်ဆံရေးကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ရုရှားသမ္မတ ပူတင်နှင့် ဆော်ဒီအာရေးဗျ အိမ်ရှေ့မင်းသား Mohammed bin Salman တို့သည် ရီယာ့ဒ်မြို့တွင် တွေ့ဆုံစဉ်အချိန်အတွင်း OPEC+ အဖွဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသလို ပူးပေါင်းဆောင်ရွက်မှုများ ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကို့ဗ် က ပြောကြားခဲ့သည်။
ပူတင်က "ဟုတ်ပါတယ်၊၊ ဒီအချိန်မှာ ကျွန်တော်တို့အားလုံးအတွက် ဒေသတွင်းမှာဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်နဲ့အကဲဖြတ်မှုတွေကို ဖလှယ်ဖို့က အရမ်းအရေးကြီးပါတယ်" ဟု ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့်ရှိ BP(၁၂၅)စစ်ဘေးရှောင်စခန်း၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေ
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း