Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် အကြမ်းဖက်သတ်ဖြတ်ခံရမှု အပါအဝင် ထိခိုက်သေဆုံးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေပေးရန် စီစဥ်သွားမည်

ယွန်း (NSS) - ဒီဇင်ဘာ ၇

နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် အကြမ်းဖက်သတ်ဖြတ်ခံရမှု အပါအဝင် ထိခိုက်သေဆုံးခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေပေးရန် စီစဥ်သွားမည်ဖြစ်ကြောင်း သိရသည်။


နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ(၆)ရက်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသည့် ဂုဏ်ပြုချီးမြှင့်ထိုက်သူ သာသနာ့အာဇာနည်များ၊ လူပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်တံဆိပ်များ၊ ဘွဲ့တံဆိပ်များ စနစ်တကျစိစစ်ပြီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် ထိခိုက်၊ဒဏ်ရာရ၊ သေဆုံး၊ကျဆုံးခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်နိုင်ရန် ထည့်သွင်းစိစစ်သွားမည်ဖြစ်ကြောင်းလည်း နစကဒုဥက္ကဋ္ဌက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ် ဖြတ်မှုကြောင့် သေဆုံးသူ(၆၇၀၀)ကျော်ရှိခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။

ထိုသို့အကြမ်းဖက်သတ်ဖြတ်ခံရသူများထဲတွင် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဆရာ၊ဆရာမ၊ ဆရာဝန်၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်၊ လျှပ်စစ်ဝန်ထမ်း၊ လ.ဝ.ကဝန်ထမ်းများ အပါအဝင် အုပ်ချုပ်ရေးမှူးများနှင့် အရပ်သားများ ပါဝင်ကြောင်း သိရသည်။ 

“သူ့တာဝန်သူ တာဝန်သိစွာနဲ့ ထမ်းဆောင်နေရတဲ့အချိန်မှာ အသတ်ခံလိုက်ရတာတွေရှိပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်းရှိတယ်။  ထောက်ပံ့ ကြေးပေးမယ်ဆိုတော့လည်း ကောင်းတာပေါ့။ သူတို့မိသားစုတွေအတွက်လည်းအားဆေးလိုဖြစ်တာပေါ့။ မီးသတ်ဝန်ထမ်းဆိုတာ ရတဲ့လစာနဲ့ ခြိုးခြိုးခြံခြံစားရတဲ့သူတွေကြီးပဲ။ အချိန်ပြည့်တာဝန်ထမ်းဆောင်ရတာ အပြင်အလုပ်လည်းထွက်လုပ်လို့ရတာမဟုတ်ဘူး။ တခြားဝန်ထမ်းတွေဆို ပိတ်ရက်တွေရှိတယ်။ ကျွန်တော်တို့မှာပိတ်ရက်လည်းမရှိဘူး။ အဲဒီတော့ တာဝန်ထမ်းဆောင်ရင်းထိခိုက်သေဆုံးသွားတဲ့သူတွေကို ထောက်ပံ့ပေးတယ်ဆိုရင်တော့ အရမ်းကောင်းတာပေါ့”ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက NSS ကိုပြောသည်။

နိုင်ငံတော်တာဝန်ထမ်းဆောင်စဥ် ရဲတပ်ဖွဲ့ဝင်(၄၄၅)ဦး၊ ရစဖမှူး(၆၉၁)ဦး၊  ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမ(၁၀၀)နီးပါး၊ ကျန်းမာရေးဝန်ထမ်း(၁၆)ဦးနှင့် အခြားဝန်ထမ်း(၂၅၁)ဦးတို့သည် လက်ရှိနစကလက်ထက်၌ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁ဝဝဝ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဗီယက်နမ်အစိုးရပြော

RELATED POSTS
RECENT POSTS
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved