မင်းလှမြို့နယ်တွင် ရာအိမ်မှူးအပါအဝင်(၄)ဦးကို သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွား
Pearl (NSS) - ဒီဇင်ဘာ ၇
မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ရာအိမ်မှူးအပါအဝင် (၄)ဦးကို သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ (၅)ရက်၊ ည (၁၁)နာရီခန့်တွင် မကွေး တိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သခွက်ရင်းကျေးရွာအုပ်စု၊ မဒိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သခွတ်ရင်းကျေးရွာအုပ်စု၊ မဒိုင်းကျေးရွာမှ အ.ထ.က(ခွဲ) ကျောင်းစောင့် ဦးဇော်မိုးဦး၊ ရာအိမ်မှူး ဦးချိုပု ၊ ဆယ်အိမ်မှူး ဦးကျော်ထူး နှင့် ရပ်မိရပ်ဖ ဦးကျော်မောင်တို့ကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
မင်းလှမြို့နယ်တွင် နေထိုင်သူတစ်ဦး၏ NSS ကို ပြောကြားချက်အရ "(၄) ယောက်လုံးကို (၅)ရက်နေ့ ညပိုင်းမှာ လာသတ်သွားတာ။ အုပ်ချုပ်ရေးပိုင်းက လူတွေလို့ကြားတယ်" ဟု ၎င်းကပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် မကွေးတိုင်းအတွင်းရှိ မင်းလှမြို့နယ်၊ ချောက်မြို့နယ် နှင့် ဆိပ်ဖြူမြို့နယ်တို့၏ လုံခြုံရေးအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ခွဲဝေချထားပေးနေဟုဆို
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း