Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ခွဲဝေချထားပေးနေဟုဆို

ယွန်း (NSS) - ဒီဇင်ဘာ ၇

ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ်တိုးမြှင့်ခွဲဝေချထားပေးနေကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။


နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဒီဇင်ဘာလ(၆)ရက်တွင်နေပြည်တော်ရှိ MICC-II ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နစကအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ကျရာနေရာတွင် အဆင် ပြေစွာ နေထိုင်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ဝန်ထမ်းအိမ်ရာများ တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ် ငန်း နှင့် တီဘီ၊ HIV ရောဂါကုသဆေး နှင့် ဆေးပစ္စည်းများ ဝယ်ယူရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး အပါအဝင် ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွဲဝေချထားပေးကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။

အလားတူ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ပညာရှင်ဘွဲ့ချီးမြှင့်ငွေများ လစဥ်ချီးမြှင့်လျက်ရှိပြီး ခံစားခွင့်များကိုလည်း တိုးမြှင့်ခွင့်ပြုထားကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နိုင်မှုကြောင့် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် မိခင်သေဆုံးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်တွင် (၆၀)ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အသက်(၅)နှစ်အောက်ကလေးသေဆုံးမှုနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဥ်ပါက ၅၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် မွေးကင်းစကလေးသေဆုံးမှုနှုန်းသည်လည်း ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဥ်ပါက ၂၀၂၁ ခုနှစ်တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။

အလားတူ HIV/AIDS နှင့်ငှက်ဖျားရောဂါများဖြစ်ပွားမှု၊ သေဆုံးမှုကိုလည်း သိသိသာသာလျှော့ချနိုင်ခဲ့ကြောင်း နစကဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁၈၀၀ ကျော် နှင့် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၃၀ တို့က ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်သာယာမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ ဂတ်စ်မီးဖိုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved