Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးအစိုးရက ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း WSJ သတင်းစာဖော်ပြ

Pika (NSS) - ဒီဇင်ဘာ ၆ 

အစ္စရေးအစိုးရသည် ပါလက်စတိုင်းနယ်မြေအတွင်း ကုန်ပစ္စည်းများ ခိုးထုတ် (သို့မဟုတ်) တင်သွင်းရန်အတွက် ဟားမက်လက်နက်ကိုင်များ အသုံးပြုနေသည့် ဂါဇာကမ်းမြောင်ဒေသရှိ ဥမင်လှိုဏ်ခေါင်းများ ဖျက်ဆီးရန်အတွက် ပင်လယ်ရေကိုအသုံးပြုရန် စဉ်းစားနေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Wall Street Journal က ဖော်ပြခဲ့သည်။


အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသအနောက်မြောက်ပိုင်းရှိ  Al-Shati ဒုက္ခသည်စခန်းနှင့် မနီးမဝေးနေရာ တစ်ခုတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင်မည့်စနစ်တစ်ခုကို ပြီးခဲ့သည့်နိုဝင်ဘာလလယ်က တပ်ဆင်ခဲ့ ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ သိရသည်၊၊

အဆိုပါစနစ်တွင် မြေထဲပင်လယ်မှ တစ်နာရီလျှင် ရေကုဗမီတာထောင်ချီ စုပ်ယူနိုင်စေမည့် ရေစုပ်စက်(၅)လုံး ပါဝင် ပြီး သီတင်းပတ်အနည်းငယ်အတွင်း ဥမင်လှိုဏ်ခေါင်းများအားလုံးကို ရေလွှမ်းမိုးမှုများဖြစ်ပွားအောင် လုပ်ဆောင် နိုင်ဖွယ်ရှိနေကြောင်း သိရသည်။


ပြီးခဲ့သည့်လတွင် အစ္စရေးအစိုးရသည် ၎င်း၏ မိတ်ဖက်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံကို အဆိုပါအစီအစဉ်အား အကြောင်းကြားခဲ့ပြီး ယင်းအစီအစဉ်က ဖြစ်နိုင်ခြေရှိ/မရှိဆိုသည့်အချက်များအပြင် အားသာချက်နှင့် အားနည်းချက်တို့ကို ငြင်းခုံမှုများရှိခဲ့ကြောင်း WSJ က ဖော်ပြခဲ့သည်။

သို့သော်လည်း အဆိုပါအစီအစဉ်ကို လုပ်ဆောင်ရန် နောက်ဆုံး ဆုံးဖြတ်ချက်များကို မချမှတ်ရသေးကြောင်း နှင့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အစ္စရေးက အသင့်ရှိ/မရှိ ဆိုသည့်အချက်တို့ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း အဆိုပါအမေရိကန်အရာရှိများက မှတ်ချက်ပြုပြောခဲ့သည်။ 


အဆိုပါအစီအစဉ်သည် ဟားမက်လက်နက်ကိုင်အဖွဲ့ကို  ကီလိုမီတာရာနှင့်ချီရှည်လျားသော ဥမင်လှိုဏ်ခေါင်းများ အတွင်းမှ မောင်းထုတ်နိုင်ပြီး အချို့သောဥမင်လှိုဏ်ခေါင်းများမှာ အီဂျစ်နိုင်ငံအထိ ရောက်ရှိနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသအောက်ရှိ ဥမင်လှိုဏ်ခေါင်းများသည် ဟားမက်လက်နက်ကိုင်အဖွဲ့နှင့် ဒေသတွင်း အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲတို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး အစ္စရေး၏ ပိတ်ဆို့မှုများ ကိုလည်း ရှောင်လွှဲမှုများလုပ်စေနိုင်ရန်အတွက် အကူအညီဖြစ်စေကြောင်း သိရသည်။

အချို့ဥမင်လှိုဏ်ခေါင်းများသည် သာမန်လူတစ်ဦးမတ်တပ်ရပ်နိုင်သည့် အမြင့်အထိရှိပြီး ကွန်ကရစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အစ္စရေး၏ အစီအစဉ်နှင့်ပတ်သက်ပြီး သံသယများရှိကြောင်း အမေရိကန်အရာရှိအချို့က ပြောခဲ့သည်။ ၎င်းတို့ က "ဒီဥမင်လှိုဏ်ခေါင်းတွေနဲ့ မြေပြင် ပတ်ဝန်းကျင်အခြေအနေတွေကို ဘယ်သူကမှ အသေးစိတ်မသိတာကြောင့် ပင်လယ်ရေတွေကို စုပ်ပြီး ရေလွှမ်းမိုးမှုတွေဖြစ်အောင်လုပ်တာက အောင်မြင်မှာလားဆိုတာ မသေချာသေးပါဘူး"  ဟု ပြောခဲ့သည်။

အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲသည် ပြီးခဲ့သည့်အောက်တိုဘာလ(၇)ရက်က စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးဖက်မှ လူ(၁)ထောင်ကျော် သေဆုံးခဲ့ကာ ပါလက်စတိုင်းဖက်မှ လူ(၁)သောင်းခွဲကျော် သေဆုံးထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ်မြို့ ရွှေလီမြစ်အတွင်း၌ ရေဆင်းကူးသည့် ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေ

RELATED POSTS
RECENT POSTS
နစကကို ပုန်ကန်သူတွေအတွက် ‌ဒေါ်လာ သန်း(၆၅ဝ)ကျော် အမေရိကန်တို့ပေးခဲ့၊ ပြည်ပြေး(၃ဝဝ)ဆီကနေ ဘတ်သန်းရာချီ လိမ်ပြေးတဲ့ NUG ဘက်တော်သား၊ မြေရှားသတ္တု ဒေါ်လာ သန်း(၆ဝဝ)ကျော်ဖိုး နစကအစိုးရ ရခဲ့သလား ၊ TNLA-MNDAA နဲ့ AA တို့ရဲ့သတင်းအတိုအထွာများ (၄-၁ဝ-၂ဝ၂၄)
05 Oct 2024
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved