မူဆယ်မြို့ ရွှေလီမြစ်အတွင်း၌ ရေဆင်းကူးသည့် ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ရွှေလီမြစ်အတွင်း၌ ရေဆင်းကူးသည့် ဆယ် ကျော်သက်အရွယ်ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၆ရက်)၊ နံနက် ၁၁နာရီအချိန်တွင် မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ၊ ရွှေလီမြစ်အတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“သူငယ်ချင်း(၃)ယောက်ရေဆင်းကူကြရင်းကနေ တစ်ယောက်ကရေထဲမှာ ပျောက်သွားလို့ ကျန်တဲ့(၂)ယောက်က လာပြောလို့ သိရတာပေါ့” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်သည် အသက်(၁၃)နှစ်အရွယ်ခန့် ယောကျာ်းလေးဖြစ်ပြီး သူငယ်ချင်း(၂)ဦးနှင့်အတူ မြစ်အတွင်း ရေကူးနေစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါပျောက်ဆုံးနေသည့်ကလေးအား ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်က အရေးကြီးအကူအညီများကို ရပ်ဆိုင်းခဲ့လျှင် ယူကရိန်းအတွက် စစ်ရှုံးမည့်အန္တရာယ်ကြီးမားဟု ဆို
RELATED POSTS
20 Sep 2024 | မှုခင်း,ပြည်တွင်း
18 Sep 2024 | မှုခင်း,ပြည်တွင်း