Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ထိုးကျခဲ့ပြီး အနည်းဆုံး လူ(၁၆)ဦး သေဆုံး

Pika (NSS) - ဒီဇင်ဘာ ၆ 

ဖိလစ်ပိုင်နိုင်ငံ Antique ပြည်နယ်တွင် လူဒါဇင်ချီတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ဘရိတ်ပေါက်ကာ ချောက်ကမ်းပါးတစ်ခုထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအာဏာပိုင် များက ဒီဇင်ဘာလ(၆)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။


အဆိုပါမတော်တဆမှုအတွင်း အခြားလူ(၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၈)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကာ အခြား(၄)ဦးမှာ တည်ငြိမ်ကောင်းမွန်သည့်အခြေအနေတွင်ရှိနေကြောင်း Antique ပြည်နယ် အုပ်ချုပ်ရေးမှူး Rhodora Cadiao က ပြောကြားခဲ့သည်။ 

Iloilo ပြည်နယ်မှ ထွက်ခွာလာသော ခရီးသည်တင်ဘတ်စ်ကားသည် Antique ပြည်နယ် Culasi မြို့သို့ သွားနေစဉ် အချိန်အတွင်း ဒီဇင်ဘာလ(၅)ရက် မွန်းလွဲပိုင်းတွင် ဘရိတ်ချို့ယွင်းကာ မီတာ(၃ဝ)ရှိသော လျှိုထဲသို့ ထိုးကျခဲ့ခြင်း ဖြစ်ကြောင်း Rhodora Cadiao က ပြောကြားခဲ့သည်။

Rhodora Cadiao က "ကျွန်တော်တို့ အဲဒီနေရာကို လူသတ်လမ်းကွေ့လို့ ခေါ်ပါတယ်။ အခုတစ်ခါဖြစ်တာက ဒုတိယအကြိမ်မြောက်ပါ။ သေဆုံးတဲ့လူတွေလည်းများတဲ့အတွက် အဲဒီလမ်းကို ကျွန်တော်တို့စွန့်ပစ်ပြီး အခြားလမ်း တစ်ခုလုပ်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။


ထို့အပြင် Rhodora Cadiao သည် ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသမှုလုပ်ဆောင်နေသည့် ဆေးရုံသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ သေဆုံး/ဒဏ်ရာရရှိသူများ၏ ဆေးကုသစရိတ် နှင့် နာရေးစရိတ်တို့ကို ဖိလစ်ပိုင်အစိုးရက ကူညီမည်ဟု ကတိပြုခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ 

Antique ပြည်နယ် သဘာဝဘေးအန္တရာယ်အေဂျင်စီအကြီးအကဲ Roderick Train က "ဒါဟာ တောင်ပေါ်လမ်း တစ်ခုဖြစ်တဲ့အတွက် ဘတ်စ်ကားတွေက အမြင့်ကနေ ခဏခဏပြုတ်ကျလေ့ရှိပါတယ်။ ဒါကြောင့် သေဆုံးသူ အရေအတွက် အရမ်းများပြားနေတာပါ။ မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရတော့ ဒီမတော်တဆမှုဟာ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့်ဖြစ်ခဲ့တာပါ။ ဘရိတ်ပေါက်ပြီးတော့ ဘတ်စ်ကားယာဉ်မောင်းလည်း ထိန်းချုပ်နိုင်တာမျိုး မရှိခဲ့တဲ့ပုံပါပဲ" ဟု ပြောဆိုခဲ့သည်။


မတော်တဆမှုဖြစ်ပွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လုပ်ဆောင်ခဲ့ပြီး အာဏာပိုင်များသည် အဆိုပါဘတ်စ်ကားကို ပြန်လည်သယ်ယူနိုင်ရန် လုပ်ဆောင်နေကြောင်း Roderick Train က ပြောကြားခဲ့သည်။ 

၎င်းက "ကျွန်တော်တို့ ဒီနေ့မနက်အထိ ရုပ်အလောင်းတွေကို ရှာဖွေနေတုန်းပါပဲ။ ဒီလျှိုထဲကို အတက်အဆင်း လုပ်ရတာ တကယ်ကို ပင်ပန်းပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါဘတ်စ်ကားပေါ်တွင် ခရီးသည်(၅၃)ဦး လိုက်ပါလာသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် စည်းကမ်းတင်းကြပ်မှုမရှိခြင်း၊ လမ်းထိန်းသိမ်းမှုညံ့ဖျင်းခြင်းတို့ကြောင့် မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံဆွေးနွေး

RELATED POSTS
RECENT POSTS
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved