Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ AD လိုင်စင်ရဘဏ်များအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ကြေညာ

မြူနစ် (NSS) - ဒီဇင်ဘာ ၆

နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးတော့မည်မဟုတ်ဘဲ AD လိုင်စင်ရဘဏ်များအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာလိုက်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်)တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စနှင့်ပတ်သက်၍ လိုင်စင်ရဘဏ်များကို အထက်ပါကဲ့သို့ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading)တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ပေးမည် မဟုတ်ကြောင်း အကြောင်းကြားထားသည်။

ထို့ကြောင့် ဈေးကွက်အတွင်း၌ နိုင်ငံခြားငွေရောင်းချလိုသူ နှင့် ဝယ်ယူလိုသူတို့မှတင်သွင်းသော ငွေလဲလှယ်နှုန်းပေါ်မူတည်၍ Market rate အတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်က ပြောသည်။

သို့သော် ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့သော နိုင်ငံခြားငွေအား ပြည်ပသို့ လွှဲပြောင်းရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးရန်လိုအပ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

“ဒီလိုဖွင့်ပေးလိုက်တဲ့အတွက် ပို့ကုန်ပိုင်းမှာ များလာနိုင်တယ်။ အဲဒီတော့ export များလာရင်တော့ ဒေါ်လာက ဝင်လာနိုင်တာပေါ့။ ဝင်လာရင်တော့ ပြည်တွင်းမှာ လိုအပ်ချက်အတွက် အထောက်အကူဖြစ်နိုင်တယ်။ အခုလို စက်သုံးပြဿနာတွေ လျော့သွားနိုင်တယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ နိုင်ငံခြားငွေလဲလှယ်နှုန်းအား လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးခဲ့သည့်အတွက် အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော နိုင်ငံခြားငွေဒေါ်လာသည် ဈေးကွက်အတွင်းသို့ ပြန်လည်ဝင်ရောက် လာနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

“ဒေါ်လာကို float လုပ်ပေးလိုက်တဲ့အတွက် ဒီထက်တော့ ပိုကောင်းနိုင်တယ်။ တစ်ပတ်လောက်ဆိုရင်တော့ ထူးခြားသွားမှာပါ။ ဒါပေမယ့် ဒီနေရာမှာ ဘယ်လောက်အထိ float လွတ်လွတ်လပ်လပ်ပေးလုပ်တာလဲ။ သို့တည်းမဟုတ် ဈေးတွေ တက်မှာစိုးလို့ဆိုပြီးတော့ ဘယ်သူက ဘယ်ဈေးနဲ့ ဘာကြောင့်ရောင်းတာလဲဆိုပြီးတော့ ခေါ်စစ်ရင်တော့ ဈေးကွက်က သိပ်မ ကောင်းလှဘူးထင်တယ်။ ဒါကတော့ သူတို့ဘယ်လို ကိုင်တွယ်မလဲတော့ မသိဘူး” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက  ပြောသည်။

ထို့ပြင် ပို့ကုန်ရငွေ နိုင်ငံခြားငွေများသည်လည်း ပြည်တွင်းသို့ ပိုမိုဝင်ရောက် လာနိုင်သည့်အပြင် ပြည်ပရောက်မြန်မာလုပ်သားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသော လစာများသည်လည်း ပိုမိုဝင်ရောက်လာနိုင်သည်ဟု လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

နစက၏ ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သောကာလအတွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်း အမေရိကန်တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ခဲ့ပြီး Online Trading ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ ကျော်သတ်မှတ်ခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်းနိုင်ငံသို့ရောက်ရှိလာသော နေရပ်စွန့်ခွာများကို ထိုင်းစစ်တပ်က မြန်မာဘက်ခြမ်းသို့ ပြန်ခိုင်းနေဟု HRW အဖွဲ့ပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved