ရန်ကုန်မြို့၌ အသက်(၂၄)နှစ်အရွယ် အမျိုးသားတစ်ဦး ခါးပတ်ကြိုးဖြင့် ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
စော(NSS) - ဒီဇင်ဘာ ၅
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက် (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦး ခါးပတ်ကြိုးဖြင့် ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်သည် ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက် (၈)နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ခ)ရပ်ကွက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြင်တဲ့ပုံစံအရတော့ ကြိုးကတော့ ခါးပတ်ကြိုးပါ။ မိသားစုတွေက အဲဒီညက ဟိုဘက်အိမ်မှာ သွားအိပ်တာတဲ့ သူကအဲဒီအိမ်မှာ တစ် ယောက်တည်းအိပ်တာလို့ သတင်းရပါတယ်”ဟု Medical လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ သေဆုံးသူအမျိုးသားသည် အသက် (၂၄)နှစ်အရွယ်သာရှိပြီး ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
နိုင်ငံအတွင်း၌ ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်စဉ်များသည် မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုများအပေါ် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်းတောင်းဆို
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
20 Sep 2024 | မှုခင်း,ပြည်တွင်း