နီပေါနိုင်ငံသားများကို စစ်သားအဖြစ် မစုဆောင်းရန် ရုရှားအစိုးရကို နီပေါအစိုးရ တိုက်တွန်းတောင်းဆို
Pika (NSS) - ဒီဇင်ဘာ ၅
နီပေါနိုင်ငံသားများကို စစ်သားသစ်အဖြစ် မစုဆောင်းရန်နှင့် မိခင်နိုင်ငံသို့ ချက်ချင်းပြန်လည်စေလွှတ်ရန် ရုရှားအစိုးရကို နီပေါအစိုးရက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ရုရှားစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် နီပေါစစ်သားခြောက်ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် နီပေါနိုင်ငံက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
Gurkhas ဟု ခေါ်သော နီပေါစစ်သားများသည် ၎င်းတို့၏ ရဲစွမ်းသတ္တိ နှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကြောင့် လူသိများပြီး ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း သုံးနိုင်ငံကြား သဘောတူညီချက်အရ ဗြိတိသျှ နှင့် အိန္ဒိယစစ်တပ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
သို့သော်လည်း နီပေါနိုင်ငံသည် ရုရှားနိုင်ငံ နှင့် အဆိုပါသဘောတူညီချက်များ သဘောတူထားခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်း သိရသည်။ ရုရှားစစ်တပ်တွင် တာဝန်ထမ်းဆောင်နေသည့် နီပေါနိုင်ငံသားခြောက်ဦး သေဆုံးခဲ့ကြောင်း နီပေါအစိုးရက သတင်းထုတ်ပြန်ပြောဆိုခဲ့သော်လည်း နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက "နီပေါအစိုးရဟာ နိုင်ငံသားတွေရဲ့ရုပ်အလောင်းကို ချက်ချင်းပြန်လည်ပို့ဆောင်ပေးဖို့ နဲ့ သူတို့ရဲ့မိသားစုတွေကို လျော်ကြေးပေးဖို့ ရုရှားအစိုးရကို တောင်းဆိုထားပါတယ်" ဟု ထုတ်ပြန်ခဲ့သည်။
ယူကရိန်းဘက်မှ ဖမ်းဆီးထားသော ရုရှားစစ်တပ်တွင် အမှုထမ်းနေသည့် နီပေါနိုင်ငံသားတစ်ဦးကို ပြန်လွှတ်ပေးရန်အတွက် သံတမန်ရေးရာကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နီပေါအစိုးရသည် ၎င်း၏ နိုင်ငံသားများကို စစ်ပွဲဒဏ်ခံနေရသော နိုင်ငံများ၏ စစ်တပ်ထဲသို့ မဝင်ကြရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ နီပေါနိုင်ငံသား(၁၅ဝ) မှ (၂ဝဝ)ဦးခန့်သည် ရုရှားစစ်တပ်တွင် ကြေးစား စစ်သားများအဖြစ် လုပ်ကိုင်နေကြကြောင်း ရုရှားနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီး Milan Raj Tuladhar က ပြောခဲ့သည်။
နီပေါအစိုးရ၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို နီပေါရှိ ရုရှားသံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရတ်နိုင်ငံတွင် ဒရုန်းကိုလွှတ်တင်ရန် ပြင်ဆင်နေသော စစ်သွေးကြွ(၅)ဦးကို သတ်ဖြတ်ကာ ဒရုန်းကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း