Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစိုးရဝန်ထမ်းများ၏အလုပ်ဖုန်းများတွင် TikTok အပလီကေးရှင်းအသုံးမပြုရန် ဘယ်လ်ဂျီယံအစိုးရ တားမြစ်ပိတ်ပင်

Pika (NP News) - မတ် ၁၁


ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander De Croo သည် အစိုးရဝန်ထမ်းများ၏အလုပ်ဖုန်းများတွင် TikTok အပလီကေးရှင်းအသုံးပြုမှုကို ပိတ်ပင်ခဲ့ကြောင်းသိရသည်။ 


အဆိုပါပိတ်ပင်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံသည် တရုတ်ကုမ္ပဏီပိုင် TikTok အပလီကေးရှင်း အသုံးပြုခြင်းကို ဆန့်ကျင်သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံရှိအာဏာပိုင်များသည် TikTok အပလီကေးရှင်း အသုံးပြုသူများ၏ ဒေတာအချက်အလက်များကို ရယူရန်အတွက် ဗီဒီယိုမျှဝေခြင်းကွန်ရက်ကို အသုံးပြုနေကြောင်း စိုးရိမ်မှုများလည်းရှိနေသည်။ 


ထို့အတွက်ကြောင့် ဥရောပရှိအစိုးရ အများအပြားသည် အစိုးရဝန်ထမ်းများကို TikTok အပလီကေးရှင်းအသုံးပြုခြင်းမှ တားမြစ်ခဲ့ကြောင်းသိရသည်။ ဥရောပသမဂ္ဂ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများသည်လည်း အလုပ်ကိစ္စအတွက်အသုံးပြုသော ဖုန်းများနှင့် လက်ပ်တော့များတွင်  TikTok အပလီကေးရှင်းအသုံးပြုခြင်းများမလုပ်ကြရန် ပြီးခဲ့သည့်သီတင်းပတ်တွင် ဝန်ထမ်းများကို ပြောကြားခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံဝန်ကြီးချုပ် Alexander De Croo က"ကျွန်တော်တို့ နုံအမနေသင့်တော့ပါဘူး။ TikTok ဟာ တရုတ်ထောက်လှမ်ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဆိုတာ သိသာပါတယ်၊၊ အဲဒါကအဖြစ်မှန်ပါပဲ"ဟု ပြောဆိုခဲ့သည်၊၊


TikTok ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက"ကျွန်တော်တို့ ကုမ္ပဏီအပေါ် ပိတ်ပင်တားမြစ်မှုတွေနဲ့ပတ်သက် ပြီး တကယ်ကိုစိတ်ပျက်မိပါတယ်။ TikTok ကုမ္ပဏီဟာ တရုတ်ကုမ္ပဏီတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မိခင်ကုမ္ပဏီက တရုတ်နိုင်ငံပြင်ပမှာ ပေါင်းစပ်ဖွဲ့စည်းထားတာပါ၊၊ ပြီးတော့အဲဒါကို ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်တာပါ။ အသုံးပြုသူတွေရဲ့ ဒေတာအချက်အလက်တွေကို တရုတ်နိုင်ငံမှာ သိမ်းဆည်းထားတာမျိုးမရှိပါဘူး။ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့နဲ့ အထင်အမြင်လွဲမှားမှုတွေကို ဖြေရှင်းဖို့အတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ"ဟုပြောဆိုခဲ့သည်။


ထို့ပြင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့အပါအဝင် အနောက်အုပ်စုအင်အားကြီးနိုင်ငံများသည်လည်း တရုတ် ကုမ္ပဏီ ByteDance ပိုင်ဆိုင်သော TikTok အပလီကေးရှင်းအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ TikTok ကုမ္ပဏီသည် အသုံးပြုသူများ၏ ဒေတာများအား ကိုင်တွယ်ပုံကို ကြီးကြပ်ရန်နှင့် စစ်ဆေးရန် ပြင်ပဥရောပလုံခြုံရေးကုမ္ပဏီတစ်ခုနှင့် အတူတကွလုပ်ဆောင်နေကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။ TikTok သည် ဥရောပမှ အသုံးပြုသူများ၏ ဒေတာများကို Dublin မြို့ရှိ စင်တာနှစ်ခုနှင့် နော်ဝေးရှိ စင်တာနှစ်ခုတို့တွင် သိမ်းဆည်းသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

zawgyi version

အစိုးရဝန္ထမ္းမ်ား၏အလုပ္ဖုန္းမ်ားတြင္  TikTok အပလီေကးရွင္းအသုံးမျပဳရန္  ဘယ္လ္ဂ်ီယံအစိုးရ တားျမစ္ပိတ္ပင္ 

Pika (NP News) - မတ္ ၁၁


ဘယ္လ္ဂ်ီယံဝန္ႀကီးခ်ဳပ္ Alexander De Croo သည္ အစိုးရဝန္ထမ္းမ်ား၏အလုပ္ဖုန္းမ်ားတြင္ TikTok အပလီေကးရွင္းအသုံးျပဳမႈကို ပိတ္ပင္ခဲ့ေၾကာင္းသိရသည္။ 


အဆိုပါပိတ္ပင္မႈေၾကာင့္ ဘယ္လ္ဂ်ီယံႏိုင္ငံသည္ တ႐ုတ္ကုမၸဏီပိုင္ TikTok အပလီေကးရွင္း အသုံးျပဳျခင္းကို ဆန႔္က်င္သည့္ ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္လာခဲ့သည္။ တ႐ုတ္ႏိုင္ငံရွိအာဏာပိုင္မ်ားသည္ TikTok အပလီေကးရွင္း အသုံးျပဳသူမ်ား၏ ေဒတာအခ်က္အလက္မ်ားကို ရယူရန္အတြက္ ဗီဒီယိုမွ်ေဝျခင္းကြန္ရက္ကို အသုံးျပဳေနေၾကာင္း စိုးရိမ္မႈမ်ားလည္းရွိေနသည္။ 


ထို႔အတြက္ေၾကာင့္ ဥေရာပရွိအစိုးရ အမ်ားအျပားသည္ အစိုးရဝန္ထမ္းမ်ားကို TikTok အပလီေကးရွင္းအသုံးျပဳျခင္းမွ တားျမစ္ခဲ့ေၾကာင္းသိရသည္။ ဥေရာပသမဂၢ၏ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားသည္လည္း အလုပ္ကိစၥအတြက္အသုံးျပဳေသာ ဖုန္းမ်ားႏွင့္ လက္ပ္ေတာ့မ်ားတြင္  TikTok အပလီေကးရွင္းအသုံးျပဳျခင္းမ်ားမလုပ္ၾကရန္ ၿပီးခဲ့သည့္သီတင္းပတ္တြင္ ဝန္ထမ္းမ်ားကို ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဘယ္လ္ဂ်ီယံဝန္ႀကီးခ်ဳပ္ Alexander De Croo က"ကြၽန္ေတာ္တို႔ ႏုံအမေနသင့္ေတာ့ပါဘူး။ TikTok ဟာ တ႐ုတ္ေထာက္လွမ္ေရးလုပ္ငန္းေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ေနတဲ့ စီးပြားေရးလုပ္ငန္းတစ္ခု ဆိုတာ သိသာပါတယ္၊၊ အဲဒါကအျဖစ္မွန္ပါပဲ"ဟု ေျပာဆိုခဲ့သည္၊၊


TikTok ကုမၸဏီ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက"ကြၽန္ေတာ္တို႔ ကုမၸဏီအေပၚ ပိတ္ပင္တားျမစ္မႈေတြနဲ႔ပတ္သက္ ၿပီး တကယ္ကိုစိတ္ပ်က္မိပါတယ္။ TikTok ကုမၸဏီဟာ တ႐ုတ္ကုမၸဏီတစ္ခုမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ မိခင္ကုမၸဏီက တ႐ုတ္ႏိုင္ငံျပင္ပမွာ ေပါင္းစပ္ဖြဲ႕စည္းထားတာပါ၊၊ ၿပီးေတာ့အဲဒါကို ကမာၻလုံးဆိုင္ရာ အဖြဲ႕အစည္း ဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ပိုင္ဆိုင္တာပါ။ အသုံးျပဳသူေတြရဲ႕ ေဒတာအခ်က္အလက္ေတြကို တ႐ုတ္ႏိုင္ငံမွာ သိမ္းဆည္းထားတာမ်ိဳးမရွိပါဘူး။ စိုးရိမ္ပူပန္မႈေတြကို ေျဖရွင္းဖို႔နဲ႔ အထင္အျမင္လြဲမွားမႈေတြကို ေျဖရွင္းဖို႔အတြက္ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံဖို႔ ကြၽန္ေတာ္တို႔ အဆင္သင့္ပါပဲ"ဟုေျပာဆိုခဲ့သည္။


ထို႔ျပင္ အေမရိကန္ႏွင့္ ဥေရာပသမဂၢတို႔အပါအဝင္ အေနာက္အုပ္စုအင္အားႀကီးႏိုင္ငံမ်ားသည္လည္း တ႐ုတ္ ကုမၸဏီ ByteDance ပိုင္ဆိုင္ေသာ TikTok အပလီေကးရွင္းအသုံးျပဳျခင္းကို တားျမစ္ပိတ္ပင္ႏိုင္ရန္အတြက္ ႀကိဳးပမ္းလ်က္ရွိေၾကာင္းသိရသည္။ TikTok ကုမၸဏီသည္ အသုံးျပဳသူမ်ား၏ ေဒတာမ်ားအား ကိုင္တြယ္ပုံကို ႀကီးၾကပ္ရန္ႏွင့္ စစ္ေဆးရန္ ျပင္ပဥေရာပလုံၿခဳံေရးကုမၸဏီတစ္ခုႏွင့္ အတူတကြလုပ္ေဆာင္ေနေၾကာင္း တာဝန္ရွိ သူမ်ားက ေျပာၾကားခဲ့သည္။ TikTok သည္ ဥေရာပမွ အသုံးျပဳသူမ်ား၏ ေဒတာမ်ားကို Dublin ၿမိဳ႕ရွိ စင္တာႏွစ္ခုႏွင့္ ေနာ္ေဝးရွိ စင္တာႏွစ္ခုတို႔တြင္ သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္းလည္းေျပာၾကားခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရစ္စတယ်ပဲလေ့စ်နှင့်ကစားမည့်ပွဲတွင် ရလဒ်ကောင်းများရယူရန် ရုန်းကန်ရနိုင်ဖွယ်ရှိနေဟု မန်စီးတီးနည်းပြပြော

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved